အိမ်တွင်အလှုရှိတိုင်း မပါမဖြစ်တဲ့ ဟင်းတခွက်ပါ။ ဝက်သားသုံးထပ်သားနှင့် ပေါင်သားကို အတူချက်ထားသဖြင့် ဆီအနည်းငယ်သာထည့်ရပါတယ်။ သုံးထပ်သားကထွက်တဲ့ သူ့အဆီနှင့်သူနူးအိပြီး မကျည်းနှစ်နဲ့ တွဲပြီးချက်တဲ့အတွက် အီလည်းမအီ ချဉ်ပြုံးချဉ်ပြုံးနဲ့ စားလို့ကောင်းပါတယ်။ ဒီအလှုဟင်းကို လုပ်စားကြည့်ပါ။ လွယ်လည်းလွယ်၊ အများကြိုက်တဲ့ ဟင်းတခွက်ပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သုံးထပ်သား နှင့် ပေါင်သား ၃၀သား စီ
  • ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ သေးသေး ၂ ဇွန်း (ထောင်းထားပါ)
  • ဂျင်း လက်တဆစ်ခန့် (ထောင်းထားပါ)
  • ငရုတ်သီးခြောက်တောင့် ၈ တောင့် (ထောင်းထားပါ)
  • နနွင်း အနည်းငယ်
  • ပဲငံပြာရည်အနောက် အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်
  • သစ်ဂျပိုးခေါက် (သို့မဟုတ်) နာနတ်ပွင့် ၂ ခု
  • ထန်းလျက် ၁ ခဲ
  • သကြားအညို ၁ ဇွန်း (ထမင်းစားဇွန်း)
  • မကျည်းသီးအနှစ် ၁ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်နီဥ အသေး ၁၀ ဥ

ချက်ပြုတ်နည်း

ဝက်သုံးထပ်သား နှင့် ပေါင်သားကို ဟင်းတုံးအရွယ် တုံးပြီး သန့်စင်အောင် ရေနှင့် ဆေးပြီး ရေစစ်ထားပါ။  ပြီးလျင် တုံးထားသော ဝက်သားများကို ဆား၊ ငံပြာရည် တို့နှင့် နယ်ပြီး နှပ်ထားပါ။

အိုးကို မီးဖိုပေါ် တင်ပြီး အိုးပူ လာလျင် သကြားကို ထည့်ပြီး သကြား အရည် ပြော်ရျ် အညိုရောင် ပြောင်းသွားလျင် နယ်ထားသော ဝက်သားများကို ထည့်ပြီး ဝက်သားများ အညိုရောင် ပြောင်းသွားသည်အထိ ထားပါ။

ချက်မည့် အိုးထဲတွင် ဆီ အနည်းငယ် ထည့်ရျ် ဆီပူလာလျင် ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်အနှစ်၊ နနွင်းမှုန့် နှင့် သစ်ဂျပိုးခေါက် ထည့်ရျ် ဆီကို မွှေးလာသည် အထိ သတ်ပါ။

ဆီသတ်သည့် အဆာပလာများ မွှေးလာလျင် အညိုရောင် သန်းနေသည့် ဝက်သား နှင့် ငံပြာရည်အနောက် အနည်းငယ်၊ ထန်းလျက် ထည့်ရျ် နှံ့စပ်အောင် မွှေပြီး ရေအနည်းငယ် ထည့်ကာ အဖုံးအုပ်ရျ် တည်ထားပါ။

ဝက်သား အနူးမြန်စေရန် ဟင်းချိုသောက် ကြွေဇွန်း တခုကို ဝက်သားအိုးထဲ ထည့်ရျ် တည်ပါ။ ဝက်သား မနူးမခြင်း ရေနွေးကို ဆန်ခြင်ခွက်နှင့် တခွက်စီ ထည့်ပေးပါ။ ဝက်သား နူးသည့်အခါ မကျီးနှစ် ထည့်ပြီး ကြက်သွန်နီ ဥသေးများ ထည့်ပါ။

ကြက်သွန်နီ ဥသေးများ ထည့်ပြီးလျင် အိုးကို မီးဖိုပေါ်မှ ချပါ။ ကြက်သွန်နီ ဥသေးများသည် အိုးထဲမှ အပူအငွေ့ နှင့် ကျက်သွား ပါလိမ့်မည်။ ဝက်သား မနူးခင် မထည့်ပါနှင့် ပြော်သွားပါလိမ့်မည်။

သကြား ၊ ထန်းလျက်တို့ ဟင်းထဲတွင် ခပ်ထားသဖြင့် အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar