ဝက်သား - Pork | ဟင်းရည် - Soups | ဟင်းသီးဟင်းရွက် - Vegetables

ဝက်သားလုံး ဂေါ်ရခါးညွန့် ဟင်းချို

July 7, 2016

ဝက်သားလုံး ဂေါ်ရခါးညွန့် ဟင်းချို

Share this on:

ဂေါ်ရခါးညွန့်ကို ကြော်ကြော် ၊ ချက်ချက် အရမ်းကောင်းပါတယ် ။  သူငယ်ချင်းတစ်ယောက်က ဂေါ်ရခါးညွန့်ကို အမဲသားလုံးနဲ့   ခေါက်ဆွဲထည့်ပြီး ချက်ကျွေးဖူးတာကစပြီး အရမ်းကြိုက်သွားတာပါ ။  ကိုယ့်ဘာသာချက်တော့ တစ်ခြား အသားတွေနဲ့ ချက်ရင်း ဝက်သားကြိတ်သားက ဝယ်ရလွယ်ပြီး အရသာလည်းရှိလို့ ဝက်သားလုံးနဲ့ ချက်ဖြစ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးညွန့်
  • ဝက်သား ကြိတ်သား
  • အကြော်မှုန့် (သို့) ကော်မှုန့်
  • ဆား
  • အချိုမှုန့်
  • ကြက်ဥတစ်လုံး
  • ခနောတံဆိပ် ဝက်သားမှုန့် ၂တုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ဂေါ်ရခါးညွန့်ကို အမျှင်တွေ ဖယ်ပြီး အရွက်ရော ၊ အရိုးပါ သင်ထားပါ ။
  2. ဝက်သား ကြိတ်သားကို အကြော်မှုန့် (သို့) ကော်မှုန့် နည်းနည်းထည့်ပြီး ရောနယ်ထားပါတယ်။ (ဝက်သား ကြိတ်သားတွေက အရသာ ပါပြီးဖြစ်လို့ ဘာမှ မပါသေးရင် ဆား၊ အချိုမှုန့်သင့်ရုံထည့်ပြီး နယ်ထားပါ။)
  3. ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ခေါက်ထားပါ ။
  4. ခနောတံဆိပ် ဝက်သားမှုန့် ၂တုံးထည့်ပြီး ရေနွေးအိုးတည်ထားပါတယ် ။
  5. ရေနွေးပွက်ပွက်ဆူလာရင် ကော်မှုန့်နဲ့ ရောနယ်ထားတဲ့ ဝက်သားတွေကို ဟင်းခတ်ဇွန်းနဲ့ တစ်ဇွန်းချင်း ခပ်ပြီး အိုးထဲ ထည့်လိုက်ရင် ကြေးအိုးဆိုင်တွေကလို ဝက်သားလုံးလေးတွေ ဖြစ်သွားပါတယ် ။
  6. ဝက်သားလုံးတွေ အကုန် အိုးထဲ ထည့်ပြီးရင် ခဏပွက်အောင်ထားပြီး ပွက်ရင် သင်ထားတဲ့ ဂေါ်ရခါးညွန့်တွေ ထည့်ပါတယ် ။
  7. နောက်တစ်ခါ ထပ်ပွက်ရင် ဂေါ်ရခါးညွန့်တွေ ကျက်ပါပြီ ။ အဲ့ဒီ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲကို ခေါက်ထားတဲ့ကြက်ဥတွေ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး တစ်ချိန်ထဲမှာ ဟင်းရည်အိုးကို မွှေပေးနေပါ ။ ကြက်ဥက ချက်ချင်းကျက်တာမို့ ထည့်ပြီးတာနဲ့ သုံးဆောင်လို့ ရပါပြီ ။

ငရုတ်ကောင်းကြိုက်တတ်ရင် ဟင်းချိုကို ပန်းကန်ထဲ ထည့်ပြီးမှ နှစ်သက်သလောက် ပမာဏထည့်လို့ ရပါတယ် ။

Credit: Snow

Review

User Rating

4.7 (3 Votes)