ဝက်သား - Pork | ဟင်း - Curry

ဝက်သားသုံးထပ်သား ဆီပြန်ဟင်း

December 11, 2015

ဝက်သားသုံးထပ်သား ဆီပြန်ဟင်း

Share this on:

14075090_10154716391943132_101027231_o

ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား - ၃၀သား (အရွယ်တော်တုံးပါ)
  • ကြက်သွန်နီ - ၂ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၁ ဥ (ထောင်းထားပါ)
  • ဂျင်း - လက်တဆစ်ခန့် (ထောင်းထားပါ)
  • ဆား - အနည်းငယ်
  • ငံပြာရေ - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ကြာညို့ - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ငရုတ်အရောင်တင်မှုန့် - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ဆီ - ၃ ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်ပုံ

  1. အရွယ်တော် တုံးထားသော ဝက်သားသုံးထပ်သားကို ရေဆေးပြီး ရေစစ်ထားပါ ။
  2. ဇလုံထဲတွင် ရေစစ်ထားသည့် ဝက်သားသုံးထပ်သားကို ဆား ၊ ငံပြာရည် ၊ ကြာညို့ ၊ ငရုတ်အရောင်တင်မှုန့်တို့နှင့် နယ်ထားပါ ။
  3. မီးဖိုပေါ်တွင် ချက်မည့် အိုးကိုတင်ရ်ျ နယ်ထားသော ဝက်သားသုံး ထပ်သားကေို ထောင်းထားသော ဆီ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းများနှင့် သေချာစွ ရောနယ်ရ်ျ ၁၅ မိနစ် ခန့် လုံးထားပါ ။
  4. ပြီးလျှင် ရေနွေးကို ဝက်သားမြုပ်အောင် ထည့်ရ်ျ မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အသားနူးသည် အထိတည်ပါ။
  5. ရေခမ်းပြီး အသားမနူးက ရေနွေးကို နည်းနည်းစီ ထပ်ထည့်ရ်ျ တည်ပါ ။ ဆီထွက်လာလျှင် ရေနွေး အနည်းငယ် ထည့်ပြီး ရေခမ်းသည် အထိ မွှေပါ ။
  6. ဆီပြန်ရ်ျ အသားနူးလျင် အရသာ အပေါ့အငံ မြည်းရ်ျ မီးဖိုပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ ။
  7. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

1.5 (4 Votes)