ဝက်သားပေါင်မုန့်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ဆီ - 1 ပုလင်း
  •  နံနံပင် - ¼ Cup
  • လှီးပြီးသောပေါင်မုန့် - 1 ထုတ်
  •  ငရုပ်ကောင်းမှုန့် - 2 Teaspoons
  • စဉ်းပြီးသားဝက်သား - 500 g
  •  ကြက်သွန်ဖြူထောင်း - 1 Teaspoon
  •  ကြက်ဥ - 5 လုံး
  • ငံပြာရည်အကြည် - 2 Tablespoons
  • နံနံပင်အမြစ်ထောင်း - 1 Tablespoon
  •  လှီးပြီးသားငရုပ်သီး - ¼ Cup

ပြုလုပ်နည်း

  1. ပထမ နံနံပင်အမြစ် ၊ ငရုပ်ကောင်းမှုန့် ၊  ကြက်သွန်ဖြူ ၊ ဝက်သား ၊ ကြက်ဥတလုံးနှင့် ငံပြာရည်အကြည်တို့ကို ရောမွှေပါ ။
  2.  ကြက်ဥ လေးလုံးကို ရောမွှေပါ ။
  3.  ပေါင်မုန့်တချပ်ကို လေးစိပ်ခြမ်းကာ ပေါင်မုန့်မျက်နှာပြင်သို့ ပထမ  ပါပစ္စည်းများ တင်ထားပါ ။   ၎င်းနောက် နံနံပင် ၊ ငရုပ်သီးများကို ပထမ ပါပစ္စည်းများပေါ်သို့ ထပ်မံတင်ကာ ကြက်ဥဖျော်ရည်ဖြင့် လိမ်းပြီး ဆီပူနှင့်ကြော်ပါက အရသာရှိသော ဝက်သားပေါင်မုန့်ကြော် ရရှိပါမည် ။
အချဉ်အတွက်လိုအပ်သောပစ္စည်းများ

  •  သခွားသီး - 2 Cup
  •  အချဉ်ရည် - 1 Cup
  •  လှီးထားသောကြက်သွန်နီ - ¼ Cup
  •  ဆား - 1 ½ Teaspoon
  •  လှီးပြီးသားငရုပ်သီး - ¼ Cup
  •  သကြား - 1 ¼ Cup

    အချဉ်ရည်ပြုလုပ်နည်း

    အချဉ် ၊ ဆားနှင့်သကြားကို အပူပေး၍ အအေးခံကာ ကြက်သွန်နီ ၊ ငရုပ်သီး ၊ သခွားသီးတို့ဖြင့် ရောနှယ်ပါ ။

    Credit: N & S Food House
  • Review

    User Rating

    5 (1 Votes)