ဝက်သား - Pork | ဟင်း - Curry | အသီး - Fruits

ဝက်သား ကြက်ဟင်းခါးသီးနှပ်

July 27, 2016

ဝက်သား ကြက်ဟင်းခါးသီးနှပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သား
  • ကြက်ဟင်းခါးသီး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆား
  • သံပုရာသီး
  • ဆီ
  • ငရုတ်အစိမ်းမှုန့်
  • နနွင်းမှုန့်အနည်းငယ်
  • အချိုမှုန့်အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဝက်သားကို အတုံးသေးသေးတုံးပြီး နနွင်းမှုန့်အနည်းငယ် ၊ ဆားနှင့် နယ်ထားပါ ။
  2. ကြက်ဟင်းခါးသီးကို ၂ လက်မပတ်လည်ခန့်တုံးပြီး ဆားနှင့်နယ်ပြီး ရေဆေးပါ (အခါးအရသာကြောက်ပါက) ။
  3. အခါးအရသာကြိုက်ပါက ဆားနှင့်နယ်ဆေးရန်မလိုပါ ။ အနေတော်တုံးပြီး ဆား ၊ သံပုရာရည်ညှစ်ပြီး နယ်ထားပါ ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်အစိမ်းမှုန့်ကို ရောထောင်းထားပါ ။
  4. ဒယ်အိုးကို အပူပေးပြီး အိုးပူလာပါက ဝက်သား တုံးလေးများ ထည့်မွှေပါ ။ ဆီထွက်လာသည်အထိ ။ အသားများ ကျစ်ပြီး ဆီထွက်လာပါက ပန်းကန်လွတ် တခုထဲသို့ ဝက်သားကို ခပ်ထားလိုက်ပါ ။ ဝက်သားမှ ထွက်လာသောဆီကို ခပ်ထုတ်လိုက်ပါ ။
  5. ပဲဆီ/နေကြာဆီ (သို့) မိမိသုံးနေကျ ဆီကို ထည့်ပါ ။ ဆီပူလာပါက ကြက်သွန် ဆီသတ်ပါ ။ ကြက်သွန် အရောင်ကြည် လာပါက ကြက်ဟင်းခါးသီး ထည့်ပါ ။
  6. ကြက်ဟင်းခါးသီး တဝက်နူးသည့် အနေအထားတွင် ခပ်ထားသော ဝက်သားများကို ရောထည့်မွှေလိုက်ပါ ။ အရသာ အနေတော် ပြင်ပြီး ဆီပြန်လာပါက သုံးဆောင်နိုင်ပါပြီ ။
Credit: စားကြမယ်နော်

Review

User Rating

5 (3 Votes)