ဝက်သား - Pork | ဟင်း - Curry | အသီး - Fruits

ဝက်သား တညင်းသီးချက်

April 26, 2016

ဝက်သား တညင်းသီးချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သား - ၂၀ သား
  • တညင်းသီး - ၁၀ လုံး
  • သကြား - ဟင်းခတ်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် - ဟင်းခတ်ဇွန်း ၁ ဇွန်း
  • ဆား - လဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ - ၄ လုံး
  • ကြက်သွန်ဖြူ - ၃ လုံး
  • ဆီ - ၂ ကျပ်ခွဲသား

ပြင်ဆင်ပြုလုပ်နည်း

  1. တညင်းသီးကို ရေမြုပ်ရုံထည့်ပီပြုတ်ပါ ။ ပြီးလျှင် အခွံခွာ  ကြက်သွန်ဖြူ /နီကိုထောင်း ရေဆေးထားတဲ့ ဝက်သား ၊
သကြား ၊ ဆား ၊ ပဲငံပြာရည် ၊ ဆား ၊ ဆီ၊  ပြုတ်ထားတဲ့တညင်းသီး နဲ့ ဝက်သား ၊ ထောင်းထားတဲ့ကြက်သွန်တွေကိုထည့်ပီး မီးဖိုပေါ်သာ တင်ထားလိုက်ပါ ။ ရေသင့်ရုံထည့်ပီးတည်ထားပါ ။ အသားနူးသွားပီး ဆီပြန်သွားရင် စားလို့ရပါပီ ။
အစပ်စားလိုပါက ငရုတ်သီးအရောင်တင် ထည့်ချက်ပါ ။
Credit: Si Thu Hein

Review

User Rating

5 (1 Votes)