ဝက်သား - Pork | အကြော် - Fried

ဝက်သား ပိန်းဥလုံးကြော်

December 11, 2015

ဝက်သား ပိန်းဥလုံးကြော်

Share this on:

ပူပူနွေးနွေးစားလျှင် ပိုကောင်းသည့်အတွက် တစ်ခါတည်း အများကြီးမကြော်ပဲ လိုအပ်သလောက် ခွဲကြော်ပေးစေချင်ပါတယ်ရှင်။ မကြော်ရသေးသော ဝက်ကြိတ်သား ပိန်းဥလုံးများကို ရေခဲသေတ္တာထဲ ၂ ရက်ခန့် သိမ်းထားနိုင်ပါတယ်။ ကြော်မည့်အချိန်တွင်မှ ကြက်ဥဖြင့်ကပ်ခြင်း၊ Bread Crumbs ဖြင့်ကပ်ခြင်းများလုပ်ပြီး ကြော်ပေးပါ။

ပါဝင်ပစ္စည်းများ

  • ဝက်ကြိတ်သား ပိန်းဥလုံး
  • Mozzarella Shredded Cheese (မထည့်လည်းရ)
  • ကြက်ဥ – ၄ လုံး
  • Bread Crumbs – 3 cups (750 ml)ခန့်
  • ၁ လက်မခွဲခန့်အတုံးလေးများ လှီးထားသော ပိန်းဥ (Taro) – 250 g (၁၆ ကျပ်သားခန့်)
  • ရေ – ထမင်းစားဇွန်း ၃ ဇွန်း
  • ဝက်ကြိတ်သား (Pork Mince) – 750 g (၄၉ ကျပ်သားခန့်)
  • Bread Crumbs – 1 Cup (250 ml)
  • ကြက်ဥ – ၁ လုံး
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (5 ml)
  • ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

  1. ပိန်းဥကျက်ပြီး ပျော့သွားစေရန် ဖန် (သို့) ကြွေပန်းကန်ထဲ ရေ နှင့်အတူထည့်ပြီး အဖုံးဖုံးကာ Microwave ထဲ ၄ မိနစ် ထည့်ချက်ပါ။ (Microwave မသုံးပါက ရေနွေးငွေ့ဖြင့် ပေါင်းပေးနိုင်ပါ တယ်။)
  2. ညီညီညာညာ ကျက်စေရန် ၂ မိနစ် တစ်ခါ အပေါ်အောက် လှန်မွှေပြီး ပြန်ထည့်ပါ။ Microwave အမျိုးအစားပေါ်မူတည်ပြီး အချိန် အတိုးအလျှော့ ရှိနိုင်ပါတယ်။
  3. ဇွန်းဖြင့် ထိုးချေကြည့်လို့ ကြေသည့် အနေအထားဖြစ်လျှင် အရမ်းကြေညက် သွားအောင် မိမိအဆင်ပြေရာ နည်းဖြင့် ဖိချေပေးပါ။ ပြီးလျှင် ကျန်သည့် ပါဝင်ပစ္စည်းများ ထည့်၍နှံ့သွားအောင် သေသေချာချာ ရောနယ်ပေးပါ။
  4. Cheese ဌာပနာ ထည့်မည်ဆိုပါက ထမင်းစားဇွန်း ၂ ဇွန်းခွဲ ပမာဏခန့် လုံးပြီး Cheese မထည့်ပါက ထမင်းစားဇွန်း ၁ ဇွန်းခွဲ ပမာဏခန့် လုံးပေးပါ။
  5. ဝက်သားလုံးကို ပြန်ပြားပြီး ခပ်ကျစ်ကျစ်အလုံးလေးဖြစ်အောင် လက်ဖြင့် ဆုပ်နယ်ထားသော Cheese (ထမင်းစားဇွန်း ၁ ဇွန်းခန့်) ကို ထည့်ပါ။ လုံအောင်ဖုံးကာ ပြန်လုံးပါ။
  6. ခလောက်ထားသော ကြက်ဥအရည်ထဲ ထည့်ပြီး နှံ့သွားအောင် လိမ့်ပေးပါ။ Bread Crumbs ဖြင့် ကပ်အောင်လုပ်ပါ၊
  7. ကြက်ဥရည်ထဲပြန်ထည့်ပြီး အရည်များ အလုံးအနှံ့ကပ်အောင်လုပ်ပါ၊ Bread Crumb ဖြင့် ပြန်ကပ်အောင်လုပ်ပါ။ (ပိုကြွပ်ပြီး မပေါက်ထွက်စေရန် ၂ ခါကပ်ခြင်းဖြစ်ပါတယ်။)
  8. Over Medium Heat ဖြင့်အပူပေးထားသော ဆီပူလျှင် အိုးမကြပ်အောင် ထည့်၍ ၅ မိနစ်ခန့် (ရွှေဝါရောင်သန်းအောင်) ဇွန်းဖြင့် ဟိုဖက်ဒီဖက် ခပ်ဖွဖွလှန်ပြီး ကြော်ကာ ဆီစစ်ဆယ်ထုတ်ပါ။
  9. ဆီစစ်ပြီးနောက်… ဝက်ကြိတ်သား ပိန်းဥလုံးကြော်လေး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit: Chaw Su's Food Friends

Review

User Rating

0 (0 Votes)