ပါဝင်ပစ္စည်းများ

  • ထိုင်းသာကူစေ့ ထုပ်၁ထုပ်
  • ဆား
  • သကြား
  • ဝက်သား
  • ကြက်သွန်နီ
  • ငရုပ်ကောင်း
  • ပဲငံပြာရည်
  • ငရုပ်သီးစိမ်း
  • ဆလပ်ရွက်
  • နံနံပင်
  • ဆီ
  • ရေအေး

ပြုလုပ်နည်း

  1. ထိုင်းသာကူစေ့ ထုပ်၁ထုပ်ကို ဟင်းရည် ပန်းကန်လုံးငယ် နှစ်ခွက် ၊ ရေအေး အနည်းငယ်ဖြင့် ဆား ၊ သကြားနဲနဲ ထည့် နယ်ပြီး၃/၄နာရီ (၅)နာရီ မကျော်ရ နယ်နှပ်ထားပါ။
  2. ဝက်သား ၊ ကြက်သွန်နီကို ကြိတ်စက်နဲ့ ညက်အောင် ကြိတ်ပြီး ဆား ၊ သကြားနဲနဲထည့် ရေခမ်းအောင် ရောတည်ပြီး ရေခြောက်ပါက ဆီနဲနဲထည့်ကာ မွှေးကျက်အောင် ကြော်ပါ။
  3. ကျက်ခါနီး ငရုပ်ကောင်း၊ ပဲငံပြာရည်နဲနဲ ထည့်ကြော်ပါ။ သာကူပြဲ အချိန်စေ့ပါက လုံးရလွယ်အောင် ရေနွေးနဲနဲ ဖြန်းပြီး အလုံးလေး တလုံးစီလုံးကာ ကုန်အောင်လုံးထားပါ။ လုံးပြီး သာကူလုံးကို အဝိုင်းပြားလေး ပြားကာ ဝက်သား အစာကြော်ကို နဲနဲထည့်ပြီး ပြန်ပိတ် လုံးထားပါ။
  4. ရေနွေးဆူဆူ နဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ကျက်အောင် ပေါင်းပေးပါ။ အလျင်လိုပါက ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး အပေါ်တက်လာက ကျက်ပါပြီ။
  5. နူးညံ့ပျော့အိ အရသာရှိသော ဝက်သား သာကူလုံးပေါင်းပေါ်ကို ဆီချက်ဖြူးပြီး ငရုပ်သီးစိမ်း၊ ဆလပ်ရွက်၊ နံနံပင်နဲ့ တွဲစားပါက အလွန် အရသာရှိသည်။ *(ဝက်သားအစား ကြက်သား ၊ ငါးနဲ့လည်း ချက်နိုင်သည်။)

Credit: Nang Zan Kyio Tip