တရုတ် - Chinese | ဝက်သား - Pork | အသုပ် - Salad

ဝက်သား သုံးထပ်သားသုပ်

July 20, 2016

ဝက်သား သုံးထပ်သားသုပ်

Share this on:

13728266_1078786258836084_1623385675_o

ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား
  • ကြက်သွန်နီ (ထူထူ လှီးထားပါ) ကြက်သွန်နီ ခရမ်းချဉ်သီး သခွားသီး ကြက်သွန်မိတ် တရုပ်နံနံ ပဲငံပြာရည် အကြည် ဆား အချိုမှုန့် ငရုပ်ဆီ
  • ခရမ်းချဉ်သီး (ထူထူ လှီးထားပါ)
  • တရုပ်နံနံ
  • ကြက်သွန်မိတ်
  • ငရုတ်သီးစိမ်း (ပါးပါး လှီးထားပါ)
  • သခွားသီး (လက်တဆစ်ခန့် ထည့်ပါ)
  • ဆား အနည်းငယ်
  • အချိုမှုန့် အနည်းငယ်
  • ပဲငံပြာရည် အကြည် အနည်းငယ်
  • ငရုပ်ဆီ (နှစ်သက်သလောက်)
  • ငရုပ်ကောင်းစေ့ အမဲ

ပြုလုပ်နည်း

  1. အိုးထဲတွင် ဝက်သား သုံးထပ်သားကို ထည့်၍ ရေ ဖုံးရုံ ထည့်ပြီး ဆား ၊ ငရုပ်ကောင်းစေ့ အမဲ တို့ဖြင့် မီးအေးအေးနှင့် ပြုတ်ပါ ။
  2. ရေခမ်းလျင် ဝက်သား သုံးထပ်သားကို အအေးခံထားပါ ။
  3. စားကာနီးတွင် ပြုတ်ထားသော ဝက်သား သုံးထပ်သားကို မထူမပါး လှီး၍ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ သခွားသီး ၊ ကြက်သွန်မိတ် ၊ တရုပ်နံနံ ၊ ပဲငံပြာရည် အကြည် ၊ ဆား ၊ အချိုမှုန့် ၊ ငရုပ်ဆီ တို့နှင့် နှံ့စပ်အောင် သုပ်ပါ ။
  4. အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ ။
  5. ဝက်သားသုံးထပ်သားသည် ကြေးအိုး ၊ သက်သတ်လွတ် ကြာဇံကြော်တို့နှင့် တွဲ၍ စားကောင်းပါသည် ။
My Food Myanmar

Review

User Rating

3.7 (10 Votes)