ဒီနေ့ချက်စားဖြစ်တဲ့  ရှမ်းဟင်းစစ်စစ်ဖြစ်တဲ့ ဝက်အစာအိမ်ကြော်ကလေးပါ ။ ဝက်ကလီစာကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ဝက်အစာအိမ်
  • ရှာလကာရည်
  • ဆား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • စပါးလင်
  • တရုတ်နံနံ
  • ကြက်သွန်မြိတ်(အပြား)
  • သကြား
  • ဟင်းချိုမှုန့်
  • ပဲငံပြာရည်

ပြင်ဆင်ပြုလုပ်နည်း

ဝက်အစာအိမ်ကို ခွဲပြီး အထဲကအကျိအချွဲတွေကို ဓားနဲ့ ကုန်စင်အောင် ခြစ်ပစ်ပါ။ ရှာလကာရည်နဲ့ ၂ ခါလောက် ဆေးပေးပါ။ ရေနဲ့သေချာပြန်ဆေးပြီး တစ်နာရီခွဲလောက် နူးသွားအောင် တည်ပေးပါ။ ဆားထည့်တည်ပါ။ အဲလိုမတည်ရင် မာတောင့်ပြီး ဝါးလို့မရပါဘူး။

နူးသွားရင် အိုးထဲက ထုတ်ပြီး ပါးပါးလှီးပေးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက် ၊ ကြက်သွန်နီကို လေးစိတ်စိတ် ၊ ဂျင်းကိုးပါးပါးလှီး၊ စပါးလင်ကို ၂လက်မအပိုင်းကလေးများ ပိုင်းထားပါ။

တရုတ်နံနံနှင့် ကြက်သွန်မြိတ်(အပြား)တို့ကို လည် ပိုင်းဖြတ်ထားပါ။ ကြက်သွန်ဖြူ /နီ ၊ ဂျင်း ၊ စပါးလင်တို့ကို ဆီသပ်ပါ ။ အစာအိမ်ထည့်ကြော်ပါ ။ ဆားနည်းနည်း ၊ သကြားနည်းနည်း ၊ ဟင်းချိုမှုန့်နည်းနည်း နဲ့ ပဲငံပြာရည် ထည့်ပါ။

၂ မိနစ်လောက်ကြော်ပြီးရင် ကြက်သွန်မြိတ်(အပြား)နဲ့ တရုတ်နံနံထည့်ပြီး ၄-၅ ချက်မွှေပြီးရင် ပန်းကန်ထဲ ခူးထည့်တဲ့အခါ မွှေးပျံ့နေတဲ့ ရှမ်းဟင်းစစ်စစ် ဝက်အစာအိမ်ကြော် ရပါပြီ။

Credit: ဟင်းကောင်းကောင်းလေး ချက်စားကြစို့