ထမင်း - Rice Dishes | ဝက်သား - Pork | အပြုတ် - Boiled

ဝက်အူမကြီး ဆန်ပြုတ်

August 20, 2016

ဝက်အူမကြီး ဆန်ပြုတ်

Share this on:

14037440_10154722485428132_150163423_o

 

ပါဝင်ပစ္စည်းများ

  • ဆန် - လက်နှစ်ဆုပ်
  • ကြက်သွန်ဖြူ - ၁ မွှာ (တပြား ရိုက်ထားပါ)
  • ဆား - အနည်းငယ်
  • ဆီ - တစက်
  • ဝက်အူမကြီးပြုတ် - မထူမပါး လှီးထားပါ
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ကြက်သွန်မိတ် - အနည်းငယ် (ပါးပါးလှီးထားပါ)
  • ဂျင်း - အနည်းငယ် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

  1. ဆန်ကို ရေဆေးရ်ျ အိုးထဲတွင် ရေ ၊ ဆား ၊ ကြက်သွန်ဖြူ ၊ ဆီတစက်ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။
  2. ဆန်စေ့များ ကြေသွားလျင် ဆန်ပြုတ် အိအိမွှေးမွှေးလေး ရပါပြီ ။
  3. တခွက်စာတည် အိုးထဲတွင် ဆန်ပြုတ် နှင့် ဝက်အူမကြီးပြုတ်ကို ထည့်ရ်ျ နှံ့စပ်အောင် မွှေပြီး တစ်ပွက်နှစ်ပွက် ပွက်လာလျင် မီးဖိုပေါ်မှချပါ ။
  4. ဝက်အူမကြီး ဆန်ပြုတ် အိအိမွှေးမွှေးလေးကို ပန်းကန်လုံးထဲ ထည့်ရ်ျ ကြက်သွန်မိတ် ၊ ဂျင်း ၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးရ်ျ ဆန်ပြုတ်ပူပူလေးကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

4.4 (5 Votes)