ဝက်သား - Pork | ကောက်ညှင်း - Sticky Rice

ဝက်ကောက်ညှင်းချက်

April 25, 2016

ဝက်ကောက်ညှင်းချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သုံးထပ်သား - ၁၅ ကျပ်သား
  • ကောက်ညင်းဆန် - ၁လုံး
  • ပုဇွန်ခြောက် - လက်တစ်ဆုပ်
  • ဘဲဥ - ၁ လုံး သို့မဟုတ် ၂လုံး
  • ဝက်အူချောင်း
  • နာနတ်ပွင့် - ၁ပွင့်
  • မိုခြောက် - ၅ပွင့် (ရေစိမ်ပြီး လိုသလိုပိုင်းဖြတ်ထားပါ)
  • ကြက်သွန်ဖြူ - ၅ တက်
  • ကြက်သွန်နီ - ၁ဥ (လေးစိပ်စိပ်)
  • ဆား - ထမင်းစားဇွန်း တစ်ဝက်
  • တရုတ်ပဲငံပြာရည် - ထမင်းစားဇွန်း ၁ဇွန်း
  • သကြား - ထမင်းစားဇွန်း၂ဇွန်း
  • ပဲငံပြာရည်အနောက် - (လိုသလောက်အရောင်)
  • တရုတ်မဆလာ - လက်ဖက်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ဇွန်း တစ်ဝက်

ပြင်ဆင်ပြုလုပ်နည်း

  1. ကောက်ညင်းဆန်ကို ရေဆေးပြီ နာရီဝက်လောက် ရေစိမ်ထားပေးပါ ။
  2. ထို့နောက် ဝက်သားကို မထူမပါးလှီးပြီး အရသာသွင်း သကြား ၊ ကြက်သွန်ဖြူ ၊ ဂျင်းထည့် ဆီသတ်ပြီး ဝက်သားထည့်ကာ နူးအိပြီး ဆီပြန်အောင် ချက်ထားပါ ။ (ပုံမှန် ဝက်အချိုချက်ပုံစံပါပဲ)
  3. ကောက်ညှင်းချက်ရန်အတွက် ဒယ်အိုးထဲတွင် ဝက်သားကထွက်တဲ့ဆီထည့်ပြီး ကြက်သွန်ဖြူ / နီ ၊ နာနတ်ပွင့် ၊ ပုဇွန်ခြောက်တို့ကို ထည့်ကြော်ပါ ။ အမွှေးနံထွက်လာပြီဆို ကောက်ညင်းဆန်ထည့်မွှေ အရသာအတွက် ဆား ၊ သကြား ၊ တရုတ်ပဲငံပြာရည် ၊ ငရုပ်ကောင်းမှုန့် ၊ တရုတ်မဆလာထည့် ၊ ချက်ထားတဲ့ဝက်သားတွေပါ ထည့်မွှေပေးပါ ။ ထိုနောက် ချက်မဲ့ပါင်းအိုးထဲ အားလုံး သွန်ထည့်ပြီး ဝက်အူချောင်း ၊ ဘဲဥပြုတ် ၊ မှိုခြောက်တို့ပါတခါထဲ ထည့်ပေးပါ ။ ရေကိုတော့ နို့ဆီဗူး ၁ဗူးနဲ့ တစ်ဝက်ထည့်ပြီး ချက်လို့ရပါပြီ ။ ဆူပီဆို မကြာခဏ ဖြည်းဖြည်းချင်း အထက်အောက်လှန်ပေးပါ ။ ကျက်ခါနီး အရသာမြည်းကြည့်ပြီး လိုအပ်တာပြုပြင် နိုင်ပါတယ် ။ ပေါင်းအိုးမှကျက်ပြီး cook မှ warm ခလုတ်ပြောင်းပြီးရင် ၁၀မိနစ်လောက်ထားပြီးထပ် နှပ်ပေးပါ .. ပြီးလျှင် ပလပ်ဖြုတ်ပြီး နောက်ထပ် ၁၀မိနစ်လာက် အဖုံးမဖွင့်ပဲ ထားပေးပြီးရင်တော့ စားလို့ရပါပြီ ။ (ဝက်အူချောင်း ကြိုက်ရင် ထည့်လို့ ရပါသည်။)
Credit: ၀ါသနာအိုး

Review

User Rating

1 (1 Votes)