ဝက်ခြေထောက်ပြုတ်

Share this on:

14045016_1121468187924281_33723491_o

ပါဝင်ပစ္စည်းများ

  • ၀က်ခြေထောက် - ၂ ချောင်း
  • နာနတ်ပွင့် (Star Anise) - ၅ ပွင့်
  • နံနံပင်အမြစ် - ၅ ပင်
  • ရှောက်ရွက် - အနည်းငယ် (ပါးပါးလှီးထားပါ) 
  • ငရုပ်သီးစိမ်းအနီတောင့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • သကြား - ၁ ဇွန်း( လဖက်ရည်ဇွန်း)
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • သံပုရသီး - တခြမ်း
  • ကြက်ဖတံဆိပ် ငရုပ်ဆီ
  • ငရုပ်စိမ်း အချဉ်ရည်

ပြုလုပ်နည်း

  1. တုံးထားသော ၀က်ခြေထောက်များကို အညစ်အကြေးများ ၊ အမွှေးများ စင်အောင် ပြုလုပ်ရ်ျ ဆေးပါ ။
  2. အိုးကြီးကြီးထဲတွင် ရေကို ဆူအောင်တည်ပြီး ဇလုံကြီးထဲတွင် ထည့်ထားသော ဆေးထားသည့် ၀က်ခြေထောက်များ မြှပ်သွားသည်အထိ လောင်းထည့်ပြီး ၅မိနစ်ခန့် ရေနွေးပူ စိမ်ထားပါ ။ ပြီးလျင် ရေများကို သွန်ပြစ်ပါ ။
  3. အိုးကြီးကြီးထဲတွင် ၀က်ခြေထောက် ၊ နာနတ်ပွင့် ၊ ဆား ၊ သကြား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် ရေကို ၀က်ခြေထောက်များ၏် အထက် လက် ၃လုံးခန့် မြှပ်သွားသည်အထိ ထည့်ပြီး မီးအေးအေးဖြင့် တည်ပါ ။
  4. ၂နာရီခွဲ ခန့်တွင် ၀က်ခြေထောက်များ နူးအိသွားပါမည် ။ အချို့က ၀က်ခြေထောက်နူးရုံ ၊ အခေါက် ခပ်ဆပ်တောက်တောက်ကို နှစ်သက်ပါတယ် ။
  5. အပေါ်မှ ဝက်ဆီများ အကုန်ဖယ်ပါ ။ (ထိုဝက်ဆီကို ကြေးအိုးဆီချက် ၊ ခေါက်ဆွဲကြော်တို့ တွင် အသုံးပြုရ်ျ ရပါသည် ။)
  6. အရသာ အပေါ့အငံ မြည်းရ်ျ ငရုပ်သီးစိမ်းအနီတောင့် ၊ ရှောက်ရွက်ဖြူး ၊ သံပုရာသီးကို ညှစ်ရ်ျ ဝက်ခြေထောက်ပြုတ် ချဉ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ ။
  7. ဝက်ခေါက်အိအိလေးများကို ကြကိဖငရုပ်ဆီ ၊ ငရုပ်စိမ်းအချဉ်ရည် တို့နှင့်လည်း တို့စားနိုင်ပါသည် ။
My Food Myanmar

Review

User Rating

3.9 (11 Votes)