ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

သက်သက်လွတ် ပဲပြား ပဲငပိ ကြော်ချက်

June 28, 2016

သက်သက်လွတ် ပဲပြား ပဲငပိ ကြော်ချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ပဲပြား
  • ပဲငပိ
  • ဆီ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  •  ဂျင်း 
  • ပဲငံပြာရည် အကြည် အနည်းငယ်
  • ပဲငံပြာရည် အနှောက် အနည်းငယ်
  •  ကြက်သွန်မြိတ်

ပြုလုပ်နည်း

  1. ပဲပြားကို ကြော်ပြီး ဆယ်ထားပါ ။
  2. ဆီပူပူမှာ ကြက်သွန်နီ ၄ စိပ်ခြမ်း ၊ ကြက်သွန်ဖြူ ၃ မွှာခန့် ဓားပြားရိုက် ၊ ဂျင်းပါးပါး အပြား ၃ ပြားခန့် ထည့်ပြီး ဆီသတ်ပါ ။
  3. ကြော်ထားသော ပဲပြားကို အနေတော် လှီး၍ အိုးထဲထည့်ပြီး ပဲငံပြာရည် အကြည် / အနှောက် အနည်းငယ် ဆီထည့်ပေးပါ ။
  4. သကြား အနည်းငယ် နှင့် ပဲငပိ (UFC) ထပ်ထည့်မွှေ၍ ရေထည့်ပြီး အဖုံးအုပ်တည်ထားပါ ။
  5. ဆီပြန်လာလျှင် ငြုပ်ကာင်းမှုန့် အနည်းငယ်နှင့် ကြက်သွန်မြိတ် ထည့်ပြီး မီးဖိုမှချပါ ။ တစ်မျိုး အရသာရှိတဲ့ ဟင်းလေးတစ်ခွက် ရပါပြီ ။
Credit: Thara Phi & Moe Thandar Htay

Review

User Rating

3.7 (12 Votes)