ခေါက်ဆွဲ - Noodle Dishes | အသီး - Fruits | အထောင်း - Pounded

သခွာသီးနှင့် မုန့်ဖတ်ထောင်း စပ်စပ်လေး

July 30, 2016

သခွာသီးနှင့် မုန့်ဖတ်ထောင်း စပ်စပ်လေး

Share this on:

နေ့လည်ခင်း အဆာပြေကို ကြံဖန်ပြီး ချဉ်ငန်စပ်လည်းဖြစ်တဲ့ သခွာသီးနှင့် မုန့်ဖတ်ထောင်း စပ်စပ်လေးကို လုပ်စားဖြစ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • သခွာသီး - အနေတော် တလုံး
  • မုန့်ဖတ် - သင့်တော်သလောက်
  • မြေပဲလှော် - အစေ့၁၀စေ့ခန့်
  • သံပုရာသီး - ၁ လုံး
  • ခရမ်းချဉ်သီး - ၂ လုံး
  • ကြက်သွန်ဖြူ - အနည်းငယ်
  • ပုဇွန်ခြောက် - အနည်းငယ်
  • မကျည်းဖျော်ရည် - အနည်းငယ်
  • ငရုတ်သီး - အနည်းငယ် (ချိန်ဆထည့်ပါ)
  • ပုဇွန် - ငံပြာရည်
  • ဂဏန်းငါးပိ - အနည်းငယ် (မရှိပါက ငါးပိ ရိုးရိုး ကြိုပြီး ထည့်ပါ)
  • ဟင်းချိုမှုန့်
  • ထန်းလျက်ရည် - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငရုတ်ဆုံ သန့်သန့် ထဲသို့  ငရုတ်သီး အနည်းငယ် နှင့် ပုဇွန်ခြောက်အနည်းငယ်ကို ထည့်ပြီး ထောင်းပါ ။
  2. ငရုတ်သီးကို ၄ စိတ် ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ၊ မြေပဲလှော်တို့ကို ထည့်ထောင်းပါ ။
  3. သခွါသီးကို ဖင်ပိုင်းဖြတ်ပြီး အချောင်းလေးများဖြစ်အောင် ဓားဖြင့်ပေါက်ထည့်ပါ ။ ခရမ်းချဉ်သီး လှီးထည့်ပါ ။
  4. ထန်းလျက်ရည် အနည်းငယ် ထည့်ပါ ။ အချို မကြိုက်သူများ မထည့်လည်း ရပါတယ် ။
  5. မန်ကျည်းရည် ဟင်းခတ် ဇွန်း ၂ ဇွန်း ထည့်ပါ ။
  6. ငံပြာရည် ၁ ဇွန်း ၊ အချို မှုန့် အနည်းငယ် ၊ ငါးပိ နှင့် ပုဇွန်ခြောက် အနည်းငယ် တို့ကို အချိုးကျ ပေါင်းစပ်ပြီး သံပုရာသီး လှီးထည့်၍ မုန့်ဖတ်(စားနိုင်သလောက်)ကိုထည့်ပြီး အနည်းငယ် ထောင်းလိုက်ပါက အရသာရှိလှတဲ့ သခွါသီး မုန့်ဖတ်ထောင်းရပါပြီ ။

** ကြေညက်အောင် မထောင်းရပါ ။ အရသာကို မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါသည် ။

My Food Myanmar