ကိုရီးယားစာ ကြိုက်နှစ်သက်သူတွေအတွက်တော့ ကင်မ်ချီက အသည်းစွဲပေါ့။

ကင်မ်ချီက အားလုံးသိပြီးသားအတိုင်းပါပဲ။ ကိုးရီးယားအစားအစာရဲ့ အမှတ်တံဆိပ်လို့တောင် ပြောရမလိုပါပဲ။ ကင်မ်ချီလုပ်တဲ့ နည်းလမ်းပေါင်း ၂၀၀ ကျော်ရှိပြီး လုပ်နည်းအပေါ်မူတည်ပြီး အရသာတွေပြောင်းလဲသွားပါတယ်။

ကင်မ်ချီတစ်ခွက်မှာ ကယ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်၊ ကာဗွန်ဟိုဒရိတ်၊ အမျှင်ဓာတ်နဲ့ သကြားဓာတ်စသဖြင့် ပါဝင်နေပါတယ်။

ကင်မ်ချီရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

အစာခြေစနစ်ကို ထောက်ပံ့ပေး

ကင်မ်ချီမှာ အစာခြေစနစ်ကို အားကောင်းစေတဲ့ Probiotics တွေပါဝင်ပြီး အထူးသဖြင့် အချဉ်ဖောက်တဲ့ နည်းလမ်းကနေ ရရှိလာတာဖြစ်ပါတယ်။ Lactobacillus ဆိုတဲ့ ဘက်တီးရီးယားတွေက ကင်မ်ချီ အချဉ်ဖောက်တဲ့နည်းလမ်းကြောင့် ပေါက်ပွားလာပြီး အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။

ကိုလက်စထရောဓာတ်ကို လျော့ချပေး

ကင်မ်ချီကို စားသုံးရင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေလျော့ချပေးပါတယ်။ ကင်မ်ချီမှာပါဝင်တဲ့ ကြက်သွန်ဖြူမှာ Allicin ဓာတ်နဲ့ Selenium ဓာတ်ပါဝင်ပြီး ဒီဓာတ်တွေက သွေးအတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပါတယ်။

အဲ့ဒီအပြင် နှလုံးရုတ်ရပ်ရပ်တန့်တာနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ Selenium ဓာတ်က သွေးကြောထဲမှာ အနယ်ထိုင်တာကို လျော့ချဖယ်ရှားပေးတာကြောင့် သွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

Antioxidants ဓာတ်ကြွယ်ဝ

ကင်မ်ချီမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အသားအရေ လှပ

ကင်မ်ချီမှာ Lactobacillus ဘက်တီးရီးယားပါဝင်တာကြောင့် အသားအရေမှာ အလက်ဂျစ်ဖြစ်တာ၊ အနီစက်တွေထွက်တာတို့ကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းတာတွေကိုလည်း လျော့ပါးစေပါတယ်။

ကင်မ်ချီရဲ့ ဆိုးကျိုး

သွေးတိုးနဲ့ နှလုံးရောဂါရှိသူများ

သဘာ၀ နည်းလမ်းဖြင့် သွေးတိုးကျစေဖို့

သွေးတိုးရှိသူတွေကတော့ ကင်မ်ချီကို စားတဲ့နေရာမှာ သတိထားသင့်ပါတယ်။ ကင်မ်ချီမှာ ဆားပါဝင်မှုများတာကြောင့် ဖြစ်ပါတယ်။ ကင်မ်ချီစားတာများရင် သွေးတိုးစေနိုင်ပြီး နှလုံးကိုလည်း ဆိုးကျိုးတွေသက်ရောက်နိုင်ပါတယ်။