အုန်းသီးဟာ မြန်မာပြည်မှာ အလွန်ပေါတဲ့ အသီးတစ်မျိုးဆို မမှားပါဘူး။ အုန်းစိမ်းရေဟာ ကမ်းခြေသွားသူတိုင်း သောက်ချင်ကြတဲ့ အရည်တစ်မျိုးပါ။ အုန်းသီးဟာ တကယ့်ကို အကျိုးရှိတဲ့ အသီးပါ။ တကယ်လို့ သင်ဟာ အုန်းဆီတို့ အုန်းနို့တို့ ဒါမှမဟုတ် အုန်းသီး ဒီအတိုင်း စားရတာတို့ မကြိုက်ဘူးဆိုရင် အုန်းရေသောက်ပါ။ အကျိုးအာနိသင် အတူတူ ရပါလိမ့်မယ်။

၁။ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးတယ်။

Source: bestofme.in

အုန်းရေဟာ ရေဓာတ်ကို ပြန်ဖြည့်ဆည်းတဲ့ နေရာမှာ ဆရာတစ်ဆူပါ။ ရေဓာတ်ပြန်ဖြည့်ဖို့ အရေးပေါ်လိုနေရင် အုန်းရေသောက်လိုက်ပါ။ ဒါက ဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အုန်းရေဟာ သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ အပြင် ခန္ဓ္ဓ္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးရည်ကြည်နဲ့ သဏ္ဍာန်တူပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးချိန်နဲ့ အားကစား လုပ်ပြီးတဲ့ အချိန်တွေမှာ ရေဓာတ်ကို ပြန်ဖြည့်ဖို့ အုန်းရေ သောက်နိုင်ပါတယ်။ ကိုယ်ထဲမှာ ရှိတဲ့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုရည်တွေဟာ မညီမျှတဲ့ အခါမှာ သွေးတိုးရောဂါ ဖြစ်ပေါ်စေတတ်ပါတယ်။ အုန်းရေမှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ မက်ဂနီဆီယမ်တု့ိ ပါဝင်ပြီး အုန်းရေကို ဆားနည်းနည်း ထည့်သောက်လိုက်ရင် သတ္တုရည်မညီမျှ ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

၂။ ကိုယ်အလေးချိန် ထိန်းပေးခြင်း

Source: verywellfit.com

အုန်းရေမှာ ပြည့်ဝတဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် Antioxidants၊ ဗီတာမင်နဲ့ သတ္တုဓာတ် (၇) မျိုး ပါဝင်ပါတယ်။ ဒါတွေဟာ ကိုယ်ခန္ဓ္ဓ္ဓာအလေးချိန်ကို ထိန်းညှိပေးပြီး သွေးထဲက အဆီဓာတ်တွေကို မျှတအောင် ဆောင်ရွက်ပေးပါတယ်။

၃။ Tonar အဖြစ် အသုံးပြုနိုင်ခြင်း

Source: Verywell Fit

အုန်းရေကို ဂွမ်းစနဲ့ အနည်းငယ်ဆွတ်ပြီး မျက်နှာကို တို့ပေးပါ။ အသားအရည်ခြောက်သွေ့မှု မဖြစ်စေပဲ မျက်နှာလေး ဝင်းလာပါလိမ့်မယ်။

၄။ ပွေးကွက်တွေကိုလည်း ကုသနိုင်

Source: womenshealthmag.com

အုန်းရေကို ပွေးကွက်ရှိတဲ့ နေရာမှာ သုတ်လိမ်းထားပြီး တစ်ညထားပါ။ နောက်တစ်နည်းကတော့ အုန်းရေနဲ့ နနွင်းမှုန့်ကို ဆတူရောပြီး တစ်နေ့ သုံးကြိမ် လိမ်းပေးပါ။ အသားအရည် ပုံမှန်ဖြစ်တဲ့ အထိ လိမ်းပေးပါ။

၅။ ရောဂါကာကွယ်မှု စနစ်ကို ထောက်ပံ့ပေးတယ်

Source: Ultimate Home Life

အုန်းရေဟာ ခန္ဓ္ဓ္ဓ္ဓာကိုယ်ရဲ့ ရောဂါကာကွယ်မှု စနစ်ကို မြင့်တက်စေပြီး အနာတရ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အုန်းရေကို ခုခံအားမြင့်တင်ဖို့ သောက်မယ်ဆို ဖျော်ရည်လို လုပ်သောက်လို့ ရပါတယ်။

ပါဝင်တာတွေကတော့

သံပုရာသီး ၁လုံး
ဂျင်း တစ်လက်မ
နနွင်းတက် တစ်လက်မ (အတက်မရှိရင် အမှုန့်ထည့်နိုင်)
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အုန်းရေ ဖန်ခွက် တစ်ဝက်
ငရုတ်သီးမှုန့် အနည်းငယ်

Screen Shot 2017-04-16 at 19.08.50

ပြုလုပ်ပုံ

သံပုရာသီးကို အကွင်းလိုက်လှီးပါ။ ဂျင်းနဲ့ နနွင်းတက်ကိုလည်း ခပ်ပါးပါး လှီးပါ။ နနွင်းတက် မရရင် နနွင်းမှုန့် နည်းနည်း ထည့်ပါ။ ပျားရည်နဲ့ အုန်းရေ ရောပါ။ ကောင်းကောင်း မွှေပေးပါ။ ငရုတ်သီးမှုန့်ထည့်ပါ။ မွှေပြီး ချက်ချင်းသောက်လိုက်ပါ။ဒီနည်းဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပြီး ကိုယ်ခံအား မြင့်တက်စေတဲ့ ဖျော်ရည်ပါ။ ဝိတ်ထိန်းသူတွေ အတွက်လည်း ကောင်းတယ်လို့ သတင်းကောင်း ပါးပါရစေ။

၆။ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချစေနိုင်

အုန်းရေကို နေ့တိုင်း သောက်ပေးမယ်ဆိုရင် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချစေပြီး HDL လို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ မြင့်တက်လာစေပါတယ်။ ဒါက အသည်း၊ နှလုံး၊ ကျောက်ကပ်နဲ့ ပင်မသွေးလွှတ်ကြောတွေမှာ ကိန်းအောင်းနေတတ်တဲ့ ဝစေတဲ့ အဆီတွေကို လျော့ပါးစေပါတယ်။