သစ်တိုသီးကြော်

Share this on:

စားဖူးကြပါလားရှင် ။  သစ်တိုသီး အိုးစိမ် ထားတာလေးကိုလည်း  ကြော်လို့ရသလို ၊ အမှည့်ကို အခွံနွှာ ပြုတ်ပြီးလည်း  ကြော်လို့ ရပါတယ်ရှင် ။ကြော်ထားတာလေးတော့ မရှိလို့ စားဖူးလေ့ရှိအောင်  ကြော်နည်းလေး  ပြောပြပါရစေနော် ။

ပါဝင်ပစ္စည်းများ

  • သစ်တိုသီးကို အိုးစိမ် (သို့မဟုတ်) အမှည့်
  • ငရုတ်သီးခြောက်
  • ကြက်သွန်ဖြူ
  • ဂျင်း
  • နနွင်းမှုန့်
  • ပုဇွန်ငပိ
  • ပုဇွန် (သို့မဟုတ်) ပုဇွန်ခြောက်
  • ဆား

ပြုလုပ်နည်း

  1. သစ်တိုသီးကို အိုးစိမ် (သို့မဟုတ်) အမှည့်ကို အခွံနွာပြီးပြုတ်ထားတာကို အရည်ညစ်ပြီး ပါးပါးလေး စိတ်တိုင်း ကျပုံစံလေးလှီးပါ ။
  2. အမှည့်ကို ပြုတ်တဲ့အခါမှာ အဖံဓါတ်လေး ပျောက်အောင် ဆားလေး ထည့်ပြုတ်ဖို့ လိုအပ်ပါသည် ။
  3. ငရုတ်သီး  ခြောက်ကို ရေခဏလေး စိမ်ပြီး ထောင်းဆားအနည်းငယ်မျှထည့်ပြီး ကြက်သွန်ဖြူ  နှင့် ဂျင်း ၊ နနွင်းမုန့်လေး ပါညက်အောင်  ရောထောင်းပြီးရင် ပုဇွန်ငပိလေးပါထည့်ထောင်း  မွေးမွေးလေးပေါ့ ။
  4. အားလုံးထောင်းပြီးရင် ဆီသပ်ပါ ။ ဆီသပ်တဲ့အခါ မွှေးတဲ့အထိ မီးနည်းနည်းဖြင့်  မွှေပေးပြီး မွှေးလာလျှင် ပုဇွန် (သို့မဟုတ်) ပုဇွန်ခြောက်လေးကို ထည့်ပြီး အသားမနူးတနူးလေးမှာလှီးထားတဲ့ သစ်တိုသီးလေးကိုထည့်ကြော်ပါ ။
  5. စိတ်ကြိုက်အရသာလေး ထည့်ပြီး ချဉ်ချဉ်စပ်စပ် ခံတွင်းမြိန်စေတဲ့ သစ်တိုသီးကြော် အပန်းမကြီးတဲ့ ဟင်း ကောင်းလေးတစ်ခွက်ပေါ့ရှင် ။
  6. လုပ်စားကြည့်ကြနော် ပုဇွန်မကြိုက်တဲ့သူတွေ အဖို့ဝက်သား အကြေလည်း ထည့်ကြော်လို့ရပါတယ်ရှင် ။ အားလုံးပဲ အခုပြောပြတဲ့ ဟင်းကောင်းလေး ချက်စားပြီး  ပျော်ရွှင်ကြပါစေနော် ။
  7. အားလုံးပဲ အခုပြောပြတဲ့ ဟင်းကောင်းလေး ချက်စားပြီး  ပျော်ရွှင်ကြပါစေနော် ။
Credit: နန်းပန်းမို့မို့ဟန် (ကရင်ပြည်နယ်ဘားအံမြို့)

Review

User Rating

3 (2 Votes)