အချိုပွဲ - Desserts | အသီး - Fruits

သစ်တိုသီး ချဉ်ချိုစပ်

August 21, 2016

သစ်တိုသီး ချဉ်ချိုစပ်

Share this on:

ရဲဘရောင်း တောက်နေတဲ့ သစ်တိုသီး ချဉ်ချိုစပ်လးကို လုပ်စားကြည့်ကြပါအုံး ။  အိပ်ခြင်ပြေ ၊ အအီပြေ အဆာပြေ အားလုံး အတွက် အစစအရာရာ အစဉ်ပြေတဲ့ အသီးလေးပေါ့ ။  သစ်တိုသီးဟာ ဆေးဘက်ဝင်တဲ့ အသီးလည်း ဖြစ်ပါတယ် ။   သစ်တိုသီးဧ။် ကျန်းမာရေး အကျိုးကျေးဇူးများကို My Food ရဲ့ ကျန်းမာရေး – Health မှာ ဖတ်လို့ ရပါတယ် ။

14060401_1122825911121842_1961199851_o

Screen Shot 2016-08-21 at 2.59.49 pm

ပါဝင်ပစ္စည်းများ

  • သစ်တိုသီး - ၁ လုံး (အစိပ်လေးများစိပ်ပါ) သစ်တိုသီး ဆား သကြား ရှမ်းငရုတ်ကြမ်းမှုန့်
  • ဆား - အနည်းငယ် (လိုသလောက်)
  • သကြား - အနည်းငယ် (လိုသလောက်)
  • ရှမ်းငရုတ်ကြမ်းမှုန့် - များများ
  • ရှလကာရညါ - ၂ ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်နည်း

  1. မမှည့်သေးသော သစ်တိုသီးကို ရွေးဝယ်ပါ ။
  2. သစ်တိုသီးကို အစိပ်လေးများ စိပ်ပြီးလျင် ဇလုံထဲတွင် ရေကျက်အေးကို အသီးမြှပ်အောင်ထည့်ပါ ။
  3. ရေကျက်အေးထဲတွင် ဆားများများ ၊ ရှလကာရည် ထည့်ရ်ျ မိနစ် ၃၀ခန့် စိမ်ထားပါ ။ ဆား ထည့်ခြင်းဖြင့် အသီးမှာ မဲမသွားဘဲ ၊ ရှလကာရည် ထည့်ခြင်းဖြင့် အသီးမှာ ကျွတ်ကျွတ်လေး ဖြစ်စေပါတယ် ။
  4. စားတော့မည် ဆိုလျင် ဇလုံထဲတွင် သစ်တိုသီး ၊ ဆား ၊ သကြား ၊ ရှမ်းငရုတ်ကြမ်းမှုန့် တို့နှင့် နှံ့စပ်အောင် နယ်ပါ ။
  5. အရသာ အချေဉ်အစပ် မြည်းရ်ျ သစ်တိုသီး ချဉ်ချိုစပ်လေးကို အိပ်ခြင်ပြေ ၊ အဆာပြေ ၊ အအီပြေ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3 (2 Votes)