သစ်တိုသီး အရည်သောက်

Share this on:

13711715_10154630567593132_601114907_o

 

ပါဝင်ပစ္စည်းများ

  • ပုဇွန်ခေါင်း   ၁၀ ခေါင်း  
  • ပုဇွန်   ၁၀ ကောင်
  • သစ်တိုသီး   တစိပ်  (သေးသေး လှီးထားပါ)
  • ခရမ်းချဉ်သီး   ၁ လုံး (၆စိပ် စိပ်ထားပါ)
  • ကြက်သွန်နီ   တခြမ်း (ထူထူ လှီးထားပါ)
  • ရှမ်းနံနံ အမြစ်  ၂ ခု
  • ရှမ်းနံနံ   ၂ ပင် (၃ ပိုင်း ပိုင်းထားပါ)
  • Knorrမှုန့်    အနည်းငယ်
  • ငရုပ်သီးစိမ်း    ၄-၅ တောင့်
  • ဆား      အနည်းငယ်

ပြုလုပ်နည်း

  1. ပုဇွန်ခေါင်းများကို အညစ်အကြေး ထုတ် ၊ ရေဆေးပြီး သေသေချာချာ သန့်စင်ထားပါ ။
  2. အိုးထဲတွင် ပုဇွန်ခေါင်း ၊ ရှမ်းနံနံ အမြစ် ၊ ဆား ၊ Knorrမှုန့် ၊ ရေကို ပုဇွန်ခေါင်းများ မြှပ်ရုံ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။
  3. ရေ ဆူလာလျင် နောက်ထပ် ရေ ၃ခွက် ၊  သစ်တိုသီး ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီတို့ ထည့်ရ်ျ မီးအေးအေးဖြင့် ဆက်တည်ပါ ။
  4. ဟင်းအရည် ကျလာလျင် ပုဇွန် ၊  ငရုပ်သီးစိမ်း ၊ ရှမ်းနံနံတို့ ထည့်ပါ ။
  5. အပေါ့အငံ မြည်းရ်ျ ချဉ်ပြုံးပြုံး အရသာရှိသော သစ်တိုသီး အရည်သောက်ကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

4.5 (2 Votes)