လှည်းလေးနဲ့ လှော်ပြီးရောင်းတဲ့ သစ်ကြားသီးဟာ မိုးတွင်းအေးအေးမှာ စားလို့ကောင်းမယ့် သရေစာ တစ်မျိုးပါ။ သစ်ကြားစေ့ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေး အတွက် ကောင်းကျိုးတွေ ပေးနိုင်တဲ့ အစားအစာပါ။

လေ့လာတွေ့ရှိချက် အသစ်အရ သစ်ကြားစေ့ ၂၃ဂရမ်ကို နေ့တိုင်းစားမယ်ဆိုရင် အူမကြီး ကင်ဆာဖြစ်နိုင်ချေ နည်းပါး သွားတာကို တွေ့ရှိထားပါတယ်။ အမေရိကန် Daniel Rosenberg တက္ကသိုလ်ရဲ့ လေ့လာသူတွေက အူမကြီး အကြိတ်ဖြစ်စေမှုကို တားဆီးပေးမယ့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ပြောကြပါတယ်။

သစ်ကြားသီးမှာ ပရိုတင်း၊  အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါတယ်။ အိုမီဂါ 3 ဖက်တီးအက်ဆစ်ပါဝင်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆင့်ကို လျှော့ကျစေတဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ထူးခြားစေတာ တစ်ခုကတော့ သစ်ကြားသီးကို စားခြင်းကြောင့် အဆီတက်မှာစိုးရိမ်စရာ မလိုတာပါပဲ။

ဦးနှောက်ရဲ့ လုပ်ဆောက်ချက်တွေကိုပါ ကောင်းမွန်စေတဲ့ အတွက် အရွယ်မတိုင်ခင် မေ့လျော့ခြင်းနဲ့ အယ်ဇိုင်းမား ရောဂါ ဖြစ်စေခြင်းတို့ကိုပါ တားဆီးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အစာမစားခင် စားပေးရင် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေ စားသင့်တဲ့ သရေစာပါ။ သစ်ကြားသီးဟာ ကောင်းကောင်းအိပ်ပျော်နိုင်စွမ်းကိုလည်း ပေးပါတယ်။

အဓိကကတော့ ဖရီးရယ်ဒီကယ်ကြောင့် ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ ပိုးတွေကို တွန်းလှန်ပေးပါတယ်။ အရိုးထုထည်တွေကို ခိုင်မာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် သစ်ကြားသီးဟာ စားသုံးသင့်တဲ့ သရေစာ တစ်မျိုးပါ။

Credit: zeenews