ကိုယ်အလေးချိန် လျှော့ချတာဟာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချင်တဲ့စိတ် မကြာခဏဆိုသလို ဖြစ်မိပေမယ့် ရလာတဲ့ ရလဒ်က ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတော့ စိတ်လျှော့သွားတတ်ကြပါတယ်။

ဒီတစ်ခေါက်မှာတော့ သစ်ကြံပိုးခေါက်ကို အသုံးပြုပြီး ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းကို ပြောပြပေးပါ့မယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ မှန်ကန်ပြီး ကိုယ်နဲ့ သင့်တော်တဲ့ နည်းလမ်းကို ရှာတွေ့ရှိဖို့ပဲလိုတာပါ။ တခြားသူတွေနဲ့ အဆင်ပြေပေမဲ့ တစ်ချို့နည်းလမ်းတွေက ကိုယ်နဲ့တော့ သဟဇာတမဖြစ်တတ်ပါဘူး။ အခုပြောပြမဲ့နည်းလမ်းလေးနဲ့ စာဖတ်သူတို့အတွက် သင့်တော်မှန်ကန်တဲ့ ကိုယ်အလေးချိန် လျှော့ချနည်းဖြစ်ဖို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်း

  • သစ်ကြံပိုးခေါက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၂၅၀ မီလီမီတာ

ပြုလုပ်နည်း

14_03_bakedvanillapuddingwithhotraspberries_step05-large-landscape-300

သစ်ကြံပိုးခေါက်ကို ရေနဲ့ ရောဖျော်ပြီး ၅ မိနစ်လောက် ဆူအောင်သယ်ထားပါ။

အဲဒီနောက် ၁၀ မိနစ်လောက် အအေးခံပါ။

အဲဒီဖျော်ရည်ကို မနက်အိပ်ရာနိုးနိုးချင် ဘာအစားမှမစားခင် သောက်ပါ။ (သို့) ညအိပ်ယာမဝင်ခင် သောက်ပါ။

အခုပြောပြတဲ့နည်းလမ်းအတိုင်း ၁၅ ရက်ဆက်တိုက်လုပ်ပါ။

ကိုယ်အလေးချိန်ချိန်ကြည့်ပါ။ ၂ ပတ်အတွင်း ၁၁ ပေါင်လောက် ကျသွားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။