သောက်ဆမ်း - Soup Curry | ဟင်းသီးဟင်းရွက် - Vegetables

သတ်သတ်လွတ် ပိန္နဲစေ့ လယ်သမားဟင်း

May 18, 2016

သတ်သတ်လွတ် ပိန္နဲစေ့ လယ်သမားဟင်း

Share this on:

သတ်သက်လွတ် စားတဲ့သူများ နှစ်သက်မယ့် ထမင်းမြိန်စေမယ့် ဟင်းတခွက်ပါ ။   အရသာကလည်း ချဉ်စပ်လေးဖြစ်ပြီး ပိန္နဲစေ့ကလည်း နူးအိပြီး ဆိမ့်တဲ့ အရသာရှိပါတယ် ။  ပိန္နဲစေ့က လူနဲ့တည့်ပြီး လူ၏ မျက်လုံးအား ၊ အသားအရေ နဲ့ ဆံပင်ကို ကောင်းစေပါတယ် ။ လူနှင့် မတည့်သော အဆီဓါတ် ၊ ကိုလက်စရောဓါတ်တို့ မပါဝင်ပါ ။   စားလိုက်ရင် အားအင်တွေ ပြန်ဖြည့်စေမယ့် စွမ်းအင်တွေ ပါဝင်ပါတယ် ။   သတ်သက်လွတ်စားတဲ့သူများ နှစ်သက်ကြမှာပါ ။

Jackfruit.2016-05-18 at 1.36.42 pm

 

ပါဝင်ပစ္စည်းများ

  • ပိန္နဲသီးစေ့ပြုတ်
  • မျှစ်
  • ဆူးပုတ်ရွက်
  • ငရုတ်သီးစိမ်း
  • မန်ကျည်းသီးမှည့်
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုတ်သီး အရောင်တင်မှုန့်
  • ဆား
  • နနွင်း
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ပိန္နဲသီးစေ့ပြုတ်များကို အခွံခွာထားပါ ။  မျှစ်ကို၂ ရေလောက် ပြုတ်ထားပါ ။   ဆူးပုတ်ရွက်လေးတွေကို   ရေဆေး သန့်စင် ထားပါ ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ရောထောင်းထားပါ ။ ခရမ်းချဉ်သီးကို အထဲက အစေ့တွေထုတပြီး   လေးစိတ်စိပ်ထားပါ ။   မန်ကျည်းသီးမှည့် အနည်းငယ်ကို ရေစင်အောင်ဆေးပြီး ရေနွေးနှင့် စိမ်းထားပါ ။
  3. ပြီးလျှင် မီးဖိုးပေါ်  အိုးတစ်လုံးတင်ပြီး ထောင်ထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကို  ငရုတ်အရောင်တင်မှုန့် နှင့် နနွင်းလေးထည့်ပြီး ဆီသတ်ပါ ။
  4.  ကြက်သွန်များ နွမ်းလာလျှင် ခရမ်းချဉ်သီးလေးစိတ် စိပ်ထားတာကို ထည့် ၊ ပြီးလျှင် မျှစ်ထည့်၍ ရေအနည်းငယ်နှင့် ဆားထည့် ပြီး အဖုံးအုပ်၍  ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ ။
  5. ပွက်ပွက်ဆူလာလျှင် ပိန္နဲသီးစေ့ ပြုတ်များကို ထည့်ပြီး ရေအနည်းငယ် ထပ်ထည့်၍ အဖုံးအုပ်ပြီး ပြန်တည်ပေးပါ ။ အရည်များ ဆူပွက်လာပါက ငရုတ်သီးစိမ်း ၊ မန်ကျည်းသီးမှည့် အနှစ်နှင့် ဆူးပုတ်ရွက် အုပ်ပြီး အပေါ့အငံ မြည်းပြီး ပူပူနွေးနွေးလေး ချ၍ ထမင်းဖြူလေးနှင့် သုံးဆောင်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

3.7 (6 Votes)