ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ
  • အသီး၊အရွက် (လှီးထားပါ
  • သကြား
  • ဆား
  • ပဲငံပြာရည်အပျစ်
  • ခေါက်ဆွဲ
  • အသားတု
  • ပဲပြား
  • တရုတ်နံနံ

ပြင်ဆင်ပြုလုပ်နည်း

အရင်ဆုံး ဆီပူအောင် တည်ပါ။  ပြီးမှ ကြက်သွန်ဖြူ ဓားပြားရိုက် ဆီသတ်ပါ။ လှီးထားတဲ့ အသီးရွက်ထည့်ပါ။

ခဏ အုပ်ထားပါ။ အရွက်နည်းနည်း နွမ်းသွားရင် သကြား ၊ ဆား ၊ ပဲငံပြာရည်အပျစ် သင့်ရုံထည့် သမအောင် မွှေပေးပါ။ မကျက်တကျက်မှာ အသီးရွက်တွေကို အိုးဘေးကပ်ထားပါ။ အလယ်နေရာ ရအောင် လုပ်ဖို့ပါ။ ခေါက်ဆွဲကို အလယ်ထည့်ပြီး အသီးရွက်က ထွက်တဲ့ရေနဲ့ လုံးပေးပါ ။ ကြော်ပြီးသားအသားတုနဲ့ ပဲပြားပါ ထည့်ပါ။

ပြီးမှ ခေါက်ဆွဲအောက်ကထားပြီး အသီးရွက်တွေကို အပေါ်ကအုပ်ပေးထားပါ။ ရေနည်းရင် ဆူပြီးသားရေကျက်အေး သင့်ရုံထည့်ပြီး အဖုံးအုပ်ပေးပါ။ မီးပြင်းပြင်းနဲ့ ၃မိနစ်လောက် ထားပြီး အပေါ်အောက် သမအောင် မွှေပေးပါ။ တရုတ်နံနံထည့်ပါ။ ခဏအကြာ ခေါက်ဆွဲအိသွားရင် ကျက်ပါပြီ။

Credit: Linn Yazar