အားလုံးပဲမင်္ဂလာပါ။ မျက်စိအမြင်အာရုံအတွက် မုန်လာဥနီက အကောင်းဆုံးဆိုတာကို အားလုံးသိကြမှာပါ။ ဒါကြောင့် မုန်လာဥနီအပြင် အခြားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ရောစပ်ထားတဲ့ ဖျော်ရည်လေးမို့လို့ သောက်ကြည့်ကြပါအုံးနော်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ – ၄ တောင့်
  • ပန်းသီး – ၁ လုံး
  • ဂျင်း – လက်နှစ်ဆစ်ခန့်
  • သံပုရာသီး – ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း

ပထမဆုံး မုန်လာဥနီများကို ရေဆေးပြီး အခွံနွှာပါ။ ပန်းသီးကို လေးခြမ်းခွဲပြီး အစေ့များကို ဖယ်ထုတ်ပါ။

ဂျင်းကို အခွံချွတ်ပြီး ရေပြောင်အောင်ဆေးကာ ကြိတ်စက်ထဲသို့ အားလုံးရောမွှေပါ။ (ကြိတ်စက်သည် အဖတ်နှင့် အရည် သက်သက်ဆီ ထွက်သောစက်) မဟုတ်လျှင် ကြိတ်ပြီးပါက ကော်ဖီစစ်သော ဇကာမျိုးလေးဖြင့် ပြန်စစ်ရန် လိုပါသည်။

ထို့နောက် အရည်များကို ဖန်ခွက်ထဲသို့ထည့်၍ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍ ညှစ်ထည့်ပါ။

ရေခဲအသင့်အတင့်ထည့်ပြီး အနည်းငယ်မွှေကာ အသင့်သောက်သုံးနိုင်ပါသည်။ (အချို ကြိုက်ပါက သကြားအနည်းငယ် ထည့်လို့ရပါသည်) ဂျင်းရနံ့ ၊ သံပုရာသီးရနံ့ ၊ မွှေးမွှေးလေးနှင့် သဘာဝ မုန်လာဥနီဖျော်ရည် ဖြစ်ပါသည်။

Credit: ဇွဲသုသု