ပါဝင်ပစ္စည်းများ

သရက်သီး

ဆား

ငံပြာရည်

ကြက်သွန်နီ ဆီကျက်

ငရုပ်မှုန့်

ပဲမှုန့်

ပုဇွန်ခြောက်

မြေပဲဆန်

သကြား

ငပိစိမ်းစား

ငရုပ်မှုန့်

ပြုလုပ်နည်း

သရက်သီးကို အခွံသင်ပြီး သင်္ဘောဂျစ်လေးနဲ့ ခြစ်၊ ဆားလေးနယ်ပြီး ရေဆေး၊ ရေစင်အောင် ညှစ်ပါ။

ပြီးလျင် ငံပြာရည်၊ ကြက်သွန်နီဆီကျက်၊ ငရုပ်မှုန့်၊ ပဲမှုန့်၊ ပုဇွန်ခြောက်မြေပဲဆန်တို့ ရောထောင်းပြီး သုပ်ထားတာပါ။

နောက်တစ်မျိုး ကတော့ သရက်သီးကို ဓါးပေါက်၊ ပါးပါး ပြန်လှီးပြီး ဆားနယ် ရေဆေးပြီး ဆား၊ သကြား၊ ငပိစိမ်းစား ငရုပ်မှုန့်နဲ့ သုပ်ထားတာပါ။ ချိုချဉ်ငံ စပ်လေးပါ။

Credit: Soe’s Cooking Collection