ပါဝင်ပစ္စည်းများ

  • သရက်သီး ၂လုံး
  • ဆား၊ ငပိ
  • ကြက်သွန်နီ ၄လုံး၊ ကြက်သွန်ဖြူ ၄မွှာ

  • ငံပြာရည်၊ ပုစွန်ခြောက်
  • သကြား၊ အချိုမှုန့်(သို့) ကြက်သားမှုန့်
  • နနွင်း၊ ငရုတ်ပုထောင်း၊ ဆီ

ပြုလုပ်နည်း

သရက်သီး၂လုံးကို ခြစ်နှင့်ခြစ်ပါ။ အချဉ် မကြိုက် ပါက ဆားနှင့် နယ်၍ ရေဆေးပြီး ရေစစ်ထားပါ။

ကြက်သွန်နီ ၄လုံး ပါးပါးလှီး၊ ငပိ ကွမ်းသီးလုံးခန့်၊ ငံပြာရည်၊ ပုစွန်ခြောက် လက်တဆုပ်ခန့် ထောင်း၊ သကြား၊ အချိုမှုန့်(သို့)ကြက်သားမှုန့်၊နနွင်း၊ ငရုတ်ပုထောင်း၊ ဆီတို့ကို အိုး၁လုံးထဲ ထည့်၍ ရောနယ်ကာ မီးဖိုပေါ် တင်ပါ။

အနည်းငယ်နွမ်းပြီး ရေခန်းလျှင် ရေလိုသလောက် ထည့်၍တည်ပါ။

ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထည့်ပါ၊ ဆီပြန်၍ သရက်သီး စိတ်ကြိုက် အနူး အရသာ အနေတော် ဖြစ်လျှင် ငရုတ်သီးစိမ်း ထည့်၍ချပါ။

သရက္သီး ငပိခ်က္

Credit: ချက်ကြည့်ကြစို့