ပါဝင်ပစ္စည်းများ

  • သရက်သီးအသေး ၄ လုံး
  • ကြက်သွန်ဖြူ ၁ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ငြုတ်သီးစိမ်း အနီတောင့် ၇ တောင့်
  • ဆနွင်း အနဲငယ်
  • ငြုတ်ခွဲကြမ်း
  • ငါးငံပြာရည်
  • ဟင်းခတ်မှုန့်
  • ပုဇွန်ခြောက်မှုန့်
  • ဆီ
  • ဆား

ပြုလုပ်နည်း

  1. သရက်သီးအသေး ၄လုံး အခွံနွှာ ပါးပါးလှီး ရေစိမ် ထားတယ်။ ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၁ လုံး၊ ကြက်သွန်နီ ၁ လုံး၊ ငြုတ်သီးစိမ်း အနီတောင့် ၇ တောင့်ကို ဆနွင်းအနဲငယ် နဲ့ ဆီသတ်ပါ။
  2. ငြုတ်ခွဲကြမ်း ထည့်ပါ။ ငါးငံပြာရည် ထည့်ကြော်ပါ။ ပါးပါးလှီးထားတဲ့ သရက်သီးထည့်၊ ဟင်းခတ်မှုန့် ထည့်ပါ။ သရက်သီးတွေ နွမ်းလာမှ ပုဇွန်ခြောက်မှုန့်ထည့် မွှေပါ။
  3. ငြုတ်ခွဲကြမ်းတွေမှာ ဆားပါတတ်လို့ လိုအပ်မှ ငါးငံပြာရည် ထည့်ပါ ။ ဆီပြန်လာရင် မီးပိတ်လို့ ရပါပြီ။