သရက်သီးတွေ ပေါနေတဲ့အချိန်ဆိုတော့ မမလေးရဲ့ သရက်သီး အုန်းနို့ကျောက်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ထမင်းစားပြီး အချိုတည်တာပဲဖစ်ဖြစ် ၊ နေ့လည်ဖက် အဆာပြေစားတာ ဖြစ်ဖြစ်လုပ်ပြီး စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

  • သရက်သီးမှည့် – ၄ လုံး
  • သကြား – ၅၀ သား
  • ကျောက်ကျော – ၅၀ဂရမ် (၁ထုပ်)
  • အုန်းနို့ဗူးကြီး – ၂ ဗူး
  • ဆား – အနည်းငယ်
  • ရေ – ၁ လီတာခန့်

ပြုလုပ်နည်း

  1. သရက်သီးကို အခွံခွာ၍ အနေတော်ပိုင်းဖြတ်ကာ ရေ 200mlခန့်ထည့်၍ သစ်သီးကြိတ်စက်ဖြင့် ကြေညှက်အောင်ကြိတ်ကာ ကျာက်ကျောမှုန့်တစ်ဝက်ခန့်နဲ့ သကြား၂၅ကျပ်သား အုန်းနို့၁ဗူး ဆားအနည်းငယ်ရောထည့်ကာ မီးဖိုပေါ် မီနစ်၂၀ခန့်ကျိုပါ ။ ကျောက်ကျောရည်များ ပျစ်လာပါက ဗန်းထဲထည့်၍ အအေးထားခံပါ ။
  2. အုန်းနို့၁ဗူးနှင့် ကျောက်ကျော၂၅ဂရမ် ၊ သကြား၂၅ကျပ်သား ၊ ဆားအနည်းငယ်တို့ကို မီနစ်၂၀ခန့် ပျစ်လာသည်ထိ ကျို၍ ပထမလောင်းထားသော သရက်သီးကျောက်ကျောပေါ်သို့ ထပ်ကာလောင်းထည့်ပြီး အအေးခံကာ လှီးဖြတ် စားသုံးနိုင်ပါပြီး ။

Credit: Thida Lay Lay