သဘာဝအသီးအနှံများဟာ လူသားတို့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုပေးနိုင်ကြပါတယ်။ သလဲသီးမှာ ဗီတာမင်ဓါတ် A, B5,B6, E နဲ့ ဗီတာမင် K တို့ ပြည့်ဝတဲ့ပြီး ကျန်းမာရေးအကျိုးပြုချက် (၇) ချက်တိတိ ပါဝင်ပါတယ်။

(၁) လူတို့၏ဦးနှောက်ကို ကျန်းမာဖွံ့ဖြိုးစေပါတယ်။

(၂) ရင်သားကင်ဆာဖြစ်စေတဲ့အကြောင်းရင်းများလည်းကို ကာကွယ်ပေးပါတယ်။

(၃) အူမကြီးကင်ဆာဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

(၄) သွေးအားကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။

(၆) ဆီးကျိတ်ကင်ဆာဖြစ်စေသောအရာများကို ကာကွယ်ပေးပါတယ်။

(၇) ကိုယ်ဝန်ဆောင်မိခင်များအတွက် မီးဖွားခြင်းကို လွယ်ကူစေပြီး ရင်သွေးကိုလည်း ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်မြန်ဆန်စေပါတယ်။

သလဲသီးဖျော်ရည်လုပ်နည်း

(၁) သလဲသီးကို အပေါ်အခွံကို ခွါချပြီး အထဲမှ အရေကြည်အစေ့လေးများကို ချွေထားပါ။

(၂) ၎င်းသလဲသီးများကို ဇွန်းဖြင့် ဖိညစ်၍ အရည်ညှစ်ယူပါ။ သစ်သီးဖျော်စက်ရှိပါက စက်ဖြင့် ဖျော်ပါ။

(၃) သလဲသီးအရည်ကို သံပုရာသီးတစ်စိတ်၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ရေခဲ စသည့်တို့ကို သင့်ရုံထည့်၍ ဖျော်သောက်ပါ။

(၄) ဖျော်ရည်မလုပ်ပဲ အသီးကို သဘာဝအတိုင်းလည်း စားသုံးနိုင်ပါတယ်။

(၅) အသင့်ဖျော်ပြီးသား ရယ်ဒီမိတ်ဖျော်ရည်များလည်း ဝယ်သောက်နိုင်ပါတယ်။  နှလုံးရောဂါရှိသူများ၊ နှလုံးသွးကြောကျဉ်းသူများ၊ သွေးကြောပိတ်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သဘာဝကပေးထားတဲ့ သလဲသီးကို စားသုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။