Recipes | အချိုပွဲ - Desserts | မြန်မာမုန့်များ - Myanmar Desserts

သာကူမုန့်ထုပ်ကြီး (Wrapped Coconut Sago)

June 28, 2016

သာကူမုန့်ထုပ်ကြီး (Wrapped Coconut Sago)

Share this on:

ဒီနှစ်အတာသင်္ကြန်မှာ ဘာလုပ်စားရမလဲဆိုပြီး အကြံအိုက်နေသော သူများအတွက် မိသားစုတွေအတွက်ပဲ ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်း တွေနှင့် အတူလုပ်စားရင်ပဲဖြစ်စေ အဆင်ပြေပြီး အားလုံးကြိုက်နှစ်သက်နိုင်သော သာကူမုန့်ထုပ်ကြီး လုပ်နည်းလေး ရှယ်လိုက်ပါတယ်။

သာကူမုန့်ထုပ်ကြီး. 2016-03-28 at 3.15.39 pm

ပါဝင်ပစ္စည်းများ

  • သာကူ ၂ ခွက် (ရေစိမ်ထားပါ)
  • ထညှစ် တစ်ဝက် ခွက် (ကြိုပြီး စစ်ထားပါ)
  • ဆား ၁/၄ ဇွန်း လက်ဖက်ဇွန်း
  • ဌက်ပျောရွက် ၂ လက် (အလည်ရိုးကိုဖယ်ပြီး အရွက်ကြီးပဲ နေပူလှန်းထားပါ)
  • အုန်းသီး ၁ ခြမ်း (အသားများခြစ်ယူထားပါ)
  • သကြား ၁ ခွက် ခွဲ (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဒုတ်တံသေး ၁ ထုပ် (သွားကြားထိုးဒုတ်တံ)
  • အုန်းနို့ရည်ဗူး ၁ ဗူး
  • ဆီ ၂ ဇွန်း စားပွဲဇွန်း (ဌက်ပျောရွက်သုပ်ရန်)

ပြုလုပ်နည်း

  1. မီးအနေတော်ဖြင့် မကပ်သောအိုးထဲ သကြား တစ်ဝက်ခွက်၊ ဆား၊ အုန်းသီးဖတ် နှင့် ရေ အနည်းငယ်ထည့်ပြီး တည်ပါ ။ သကြားပျော်ပြီး ပျစ်လာသည်အထိတည်ပါ ။ အအေးခံထားပါ ။
  2. ဌက်ပျောရွက်များကို အနေတော် အပိုင်းလေးတွေဖြတ်ထားပါ ။ နေပူလှန်တာကြာလျှင် မီးအပူနှင့်အနည်းငယ် နွမ်းသွားအောင် လုပ်ပေးပါ ။ ထုပ်ရတာအဆင်ပြေပါတယ်။
  3. မီးအနေ တော်ဖြင့် အိုးထဲ အုန်းနို့ရည် နှင့် သကြား ထည့်ကြိုပါ ။ သကြား အရည်ပျော်ပြီး အုန်းနို့ရည် ပြစ်လာလျှင် ရပါပြီ ။
  4. ထုပ်မည့် ဌက်ပျောရွက်ကို ဆီရွှဲရွှဲလေးသုပ်ပါ ။ ပြီးလျှင် ဌက်ပျောရွက်ကို ကတော့ပုံ အရင် ချိုးထားပါ ။ ပြီးမှ သာကူတစ်ဇွန်း စားပွဲဇွန်း ထည့်ပါ ။ ပြီးလျှင် သကြားနှင့် ကြိုထားသော အုန်းသီးဖတ် တစ်ဇွန်း လက်ဖက်ဇွန်း ထည့်ပါ ။
  5. အပေါ်မှသာကူတစ်ဇွန်း ထပ်ထည့်ပြီး ဌက်ပျောရွက် ရှည်သောဖက်မှနေ စခေါက်ပါ ။  ပြီးလျှင် ဘယ်ညာအစကိုခေါက်ပါ ။ နောက်ဆုံး အစပေါ်ကနေ အထုပ်ပြန်မပြည်အောင် ဒုတ်ထိုးပါ ။ တစ်ထုပ်ချင်း ကို ဒီအတိုင်း ဆက်လုပ်ပါ ။
  6.  နှစ်ထပ် ဆင့်ပေါင်းအိုး ထဲ သေချာစီထည့်ပါ ။ ပြီးလျှင် ၄၅-၅၀ မိနစ်လောက် ထိ ပေါင်းပေးပါ ။ ရေဆူပြီး ငွေ့တက်ခါ ဌက်ပျောရွက် အရောင်းပြောင်း ပြီး မွှေးလာသည် အထိပေါင်းပေးပါ ။
  7. မုန့်ထုပ်များကို ပေါင်းအိုးထဲမှ ထုပ်ပြီး အအေးခံထားပါ ။ စားခံနည်းမှ ဌက်ပျောရွက်များ ဖယ်ပြီး သာကူထုပ် ကို ထိပ်ညပ်ကာ အုန်းနို့ရည် ထညစ်ရည်တို့ဖြင့် ဆန်းစားပါ ။
  8. *မှတ်ချက် - (၁၃-၁၅ ထုပ်) လောက်ထုပ်လို့ရပါတယ်။
Credit: Syi Foodsgarden

Review

User Rating

5 (1 Votes)