ဒီလိုသာကူလုံးတွေကို ဒီလိုအရောင်လေးလုပ်
ပြီး လုပ်စားကြည့်နော်။ အုန်းနို့ရည် မွှေးမွှေးလေးနဲ့အတူ
 အုန်းသီးနုအဖတ် နုနုလေး ထည့်ပြီးလုပ်စားကြနော်။

ပါဝင်ပစ္စည်းများ

  • သာကူလုံး
  • သကြားညို
  • အုန်းနို့ရည်
  • အုန်းသီးနု အဖတ်
  • ဆား
  • နွားနို့
  • အမွှေးရည်

ပြုလုပ်နည်း

  1. ရှေးဦးစွာ သာကူလုံး များကို ရေစွတ်၍ 
မိမိ ကြိုက်နှစ်သက်သော အရောင်များကို ခွဲ၍
 နှယ်ပြီး အလုံး သေးသေး လေးများ လုံးထားပါ။ အိုးထဲတွင် နွားနို့ လိုသလောက်ကို 
မီးအေးအေး ဖြင့်ကြိုပါ။
  2. ပြီးလျှင် အုန်းနို့ရည်
 နှင့် ရေ အနည်းငယ် ထည့်ကာ မီးအေးအေး ဖြင့်
တည်ပါ။ ထိုနောက် သကြား ၊ 
ဆား၊ အမွှေးရည် တို့ကို ထည့်ပါ။
  3. နောက်ဆုံးမှ အုန်း
သီးဖတ် ထည့်ပြီးလျှင် လုံးထားသော သာကူလုံး များ
ကို ထည့်ပါ။
  4. သာကူ အစေ့ ပျောက်လျှင် မီးဖိုမှ ချပြီး 
အအေးခံကာ ရေခဲတုံးများ ထည့်ပြီး သုံးဆောင် 
နိုင်သလို ၊ ရေခဲ သေတ္တာမှာ အအေးခံ ပြီးလည်း သုံးဆောင်
 နိုင်ပါတယ် ။
  5. ပိန္နဲသီး ရှိပါက ပါးပါးလေး လှီးပြီး အပေါ်မှာ တင်ကာ
 အတူ သုံးဆောင်ပါ။ မိမိ ကြိုက်နှစ်သက်သော အရသာကို အတိုး အလျှော့ ပြုလုပ်ပါ။

Credit: N&S Food House