သာကူကော မုန့်လုံးရေပေါ်ပါ။ နှစ်ခုလုံး ကြိုက်သော သူများအတွက် မုန့်လုံးရေပေါ် တစ်လုံးစားရုံနဲ့  ပြည့်စုံအောင် စည့်ရဲ့ တီထွင်မှုအသစ်လေးနဲ့ သင်္ကြန်မှာ ၂ ခုပေါင်း တစ်မျိုးလေး ကုသိုလ်ယူလို့ ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (အလုံး ၂၀ လုံး နှုန်း)

အုပ်စု (က)

  • ကောက်ညှင်းဆန်မှုန့်   –  ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
  • ဆန်ကြမ်းမှုန့်   –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ရေ   –  ၁ ခွက် (အတိုး အလျော့လုပ်ပေးပါ)

အုပ်စု (ခ)

  • သာကူရောင်စုံ   –  တစ်ဝက် ခွက် (မုန့်ဖုတ်ရန် တိုင်းသောခွက် ၊ ရေစိမ်ထားပါ)
  • ထန်းလျက်  –   ၅ ခဲ (၄ ခြမ်းခြမ်းထားပါ)

ပြုလုပ်နည်း

  1.  ခြောက်သွေ့သော ဖန်ပုကန်လုံး အကြီးထဲ ကို အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ ။   စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီ။  ဖန်ဇလုံထဲ သာကူရောင်စုံ ကို ပွယုံလေး ၁ မိနစ်လောက်ပဲ စိမ်ပေးပါ ။   ပြီးလျင် ဇကာဖြင့် ရေစင်အောင်စစ်ထားပါ ။   ဗန်းအပြန့် ထဲဖျန့်ချထားပါ ။
  2. မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးတွေလုံးပါ။   အထဲမှာ ထန်းလျက် အစာသွပ်ပြီး လုံးနေအောင် လုံးပါ ။   ရလာသော မုန့်လုံးကို သာကူရောင်စုံဗန်းထဲ ထည့်ပြီး နှံ့အောင် လှိမ့်ပေးပါ ။
  3.  စောက်နက် အိုးကြီးကြီးထဲကို ရေဆူအောင် တည်ပါ ။   ရေဆူ လာလျှင် သာကူ အုပ်ထားသော မုန့်လုံးလေးများ ထည့်ပါ ။   အိုးထဲ အများကြီး မထည့်ပါနဲ့  အိုးကျပ်သွားလျှင် မကျက်တာမျိုး ဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ် ။
  4.  ဇလုံ အကြီးထဲမှာ ရေခဲရေထည့် ထားပါ ။   ကျက်ပြီး ရေပေါ် ပေါလာသော မုန့်လုံးရေပေါ်များ ကိုရေခဲရေထဲ ဆယ်ထဲ့ပါ ။
  5.  မုန့်လုံးများကို ရေစစ်ပြီး အအေးခံ ထားပါ ။   သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး အသင့် သုံးဆောင်လို့ ရပါပြီ ။
    ***မှတ်ချက် –  အုန်းသီး ကြိုက်သူများ အတွက် အုန်းသီး ခြစ်မှုန့်များ ဖြူးသုံးဆောင် နိုင်ပါတယ် ။

Credit :  Syifoodgardens