ပါဝင်ပစ္စည်းများ

သာကူ
ရေ
သကြား
အုန်းနို့
နို့ဆီ
ဆား

ပြုလုပ်နည်း

အရင်ဆုံး ရေ နဲ့သကြား ကိုပွက်ပွက် ဆူအောင် ကြိုပါ။ ဆား ထည့်လိုလျှင် အနည်းငယ် ထည့်ပြီးရင် သာကူ ထည့်ပါ။ သာကူထည့်ပြီးရင်တော့ ဆက်တိုက် မွှေပေးပါ ။
သာကူ အထဲက အဆံအဖြူလေးတွေ အနည်းငယ်ပဲ ကျန်တော့တယ် ဆိုရင်တော့ ခဲရန်အတွက် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့်ပါ။ အပေါ်မီး ပေးရမှာ ဖြစ်လို့ ဒန်ဗန်းပဲ ဖြစ်ရပါမယ်။
အပေါ် အလွှာအတွက် အုန်းနို့၊ နို့ဆီ နှင့် သကြား တို့ကို ပန်းကန် တစ်ခုထဲမှာ ရောပြီး မွှေပေးပါ။ အားလုံး ရောသွားပြီ ဆိုရင်တော့ သာကူပေါ်ကို လောင်းချပြီး မျက်နှာပြင် ညီအောင် ညှိပေးပါ ။
ဒန်အိုး အဖုံး တင်ပြီး မီးပေးပါ ။ မီးသွေးနဲ့ ဖုတ်လျှင် အပေါ်လွှာကို အုန်းနို့ဗူး နဲ့လုပ်ထားပါတယ်။ အုန်းသီး ခြစ်ပြီး သုံးမယ်ဆိုရင်တော့ နဲနဲပျစ်အောင် ပြန်ကြိုပါ။ ပြီးမှ သကြား ၊ နို့ဆီ ထည့်မွှေပါ ။

Credit: Honney Nya Honney