သူ့နာမည်က သာခွေယိုင်တဲ့။ သူများတွေတော့ ဘယ်လို လုပ်တယ် မသိ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ထားတယ်။ စားချင်လွန်းလို့လေ။  အဆီအဆိမ့်ဆို သိပ်မကြိုက်ရှာတော့။ စားလို့တော့ လွှတ်ကောင်း၊ အမျိုးတွေတောင် မေ့တေ့တေ့။ မယ်ဥုံ့နည်းလေး ပြောပြမယ်နော်။

ပါဝင်ပစ္စည်းများ

  • ကောင်ညှင်းဆန်အဖြူ   ၁ လုံး
  • ငချိတ် ကောက်ညှင်းဆန်   ၂ လုံး
  • ရေ   ၃ လုံးခွဲ (နို့ဆီဗူး)
  • နို့စိမ်း  ၂ လုံး
  • အုန်းနို့ ၁ ဗူး (ယိုးဒယားသံဗူး)
  • သကြား  အနည်းငယ်
  • ဆား   အနည်းငယ်
  • ဆား   အနည်းငယ်
  • ရေ ၂ ဘူး (နို့စိမ်းဘူး အလွတ်)

ပြုလုပ်နည်း

  1. ကောင်ညှင်းဆန် အဖြူ ၁လုံး နဲ့ ငချိတ် ကောက်ညှင်းဆန်၂ လုံးကို ရောပြီး ညထဲက ရေစိမ်ထားပါ။
  2. နို့စိမ်း ၂ လုံး၊ အုန်းနို့ ၁ ဗူး (ယိုးဒယားသံဗူး) ၊ သကြား နဲနဲ၊ ဆားနဲနဲ၊ ရေ ၂ ဘူး (နို့စိမ်းဘူး အလွတ်)  ထည့်ပြီး ဆူအောင် ကျိုပါ။ ဆူလာရင် မီးလျှော့ပြီး ကြာကြာလေး တည်ထားပါ။
  3. မလိုင်တက်လာပြီး နဲနဲပျစ်လာရင် ချိုငန် အတော်ဘဲဆို မီးဖို မီးပိတ်ပါ။
  4. ပွဲပြင်ရင် ပုဂံလုံးထဲ ကောက်ညှင်းထည့်၊ အပေါ်က အရည်ဆမ်း စားပါ။  ငချိတ်နဲ့ အဖြူရောပေါင်းလို့စီးပြီး  ဖောက်ဖောက်၊ ဖောက်ဖောက် နဲ့နို့ အရသာက အီစိမ့်၊ အုန်းနို့နံ့လေး တသင်းသင်းနဲ့ ဆိုတော့ နာမည်နဲ့လိုက်အောင် လူလဲ သာခွေယိုင် ဖြစ်ပြီပေါ့။

Credit: Ohnmar Kyi