သီးစုံ ရခိုင်လှော် ဟင်း

Share this on:

ပါဝင်ပစ္စည်း မများဘဲနဲ့ အရသာ ရှိလှတဲ့ ဟင်းတစ်ခွက်ကို ဘယ်လို ဖန်တီးမလဲလို့ လေ့လာကြည့် ရအောင် ။

ပါဝင်ပစ္စည်း

  • ရုံးပတီသီး ၅ တောင့်
  • ပဲတောင့်ရှည် ၁ စည်း
  • ခရမ်းသီးအရှည် ၁ လုံး
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • ငါးပိ အနည်းငယ်
  • ရွှေပုစွန်ခြောက် ဇွန်းဝက်ခန့်

ပြုလုပ်နည်း

  1. ငရုတ်သီးစိမ်းကို အညှာ ခြွေပြီး ရေအနည်းငယ်လေးဖြင့် နူးအိအောင် ပြုတ်ထားပါ ။
  2. ရုံးပတီသီး ၊ ပဲတောင့်ရှည် ၊ ခရမ်းသီးတောင့်ရှည်ကို ရေဆေးပြီးမှ တစ်လက်မခန့် အရွယ် လှီးဖြတ်ပါ ။
  3. ပြုတ်ထားတဲ့ ငရုတ်သီး နူးအိလျှင် ညှက်အောင် ထောင်းပါ ။
  4. အိုးတစ်လုံး အတွင်းမှာ လှီးဖြတ် ထားသော အသီးများ ၊ ငရုတ်သီးထောင်း ၊ ရွှေပုစွန်ခြောက် ၊ ငါးပိနှင့် ဟင်းခတ်မှုန့် အနည်းငယ် တို့ကို ထည့်ပါ ။
  5. အဖုံးအုပ်ပြီး မီးရှိန်အေးအေးမှာ အပူပေးပါ ။  အငွေ့ကြောင့် အသီးတွေ စိမ်းရောင် ပြောင်းလျှင် အဖုံးဖွင့်ပြီး ညှင်သာစွာ မွှေပေးပါ ။
  6. ခပ်ရှိန်းရှိန်းလေး နှစ်သက်လျှင် ထောင်းထားတဲ့ ငရုတ်ကောင်းစေ့လေး အနည်းငယ်ထည့် မွှေပေးပါ ။
  7. မိမိ နှစ်သက်တဲ့ အရသာ ရလျှင် ပန်းကန်ထဲ ပြောင်းထည့်ပြီး သုံးဆောင်နိုင် ပါပြီ ။
Credit:းဟင်းချက်နည်းများ

Review

User Rating

3.2 (5 Votes)