ငပိ - Ngapi | ရခိုင် - Rakhine | ဟင်း - Curry

သီးစုံရခိုင် လှော်ဟင်း

July 7, 2016

သီးစုံရခိုင် လှော်ဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ရုံးပတေသီး - ၅ တောင့်
  • ပဲတောင့်ရှည် - ၁ စည်း
  • ခရမ်းသီးအရှည် - ၁ လုံး
  • ငြုပ်သီးစိမ်း - ၁၀ တောင့်
  • ငါးပိ - အနည်းငယ်
  • ရွှေပုစွန်ခြောက် - ဇွန်းဝက်ခန့်

ပြုလုပ်နည်း

  1. ငြုပ်သီးစိမ်းကို အညှာခြွေပြီး ရေအနည်းငယ်လေးဖြင့် နူးအိအောင် ပြုတ်ထားပါ ။
  2. ရုံးပတေသီး ၊ ပဲတောင့်ရှည် နှင့် ခရမ်းသီးတောင့်ရှည်တို့ကို ရေဆေးပြီးမှ တစ်လက်မ အရွယ်ခန့် လှီးဖြတ်ပါ ။
  3. ပြုတ်ထားသော ငြုပ်သီး နူးအိလျှင် ညှက်အောင် ထောင်းပါ ။
  4. အိုးတစ်လုံးထဲသို့ လှီးဖြတ်ထားသော အသီးများ ၊ ငြုပ်သီးထောင်း ၊ ရွှေပုစွန်ခြောက် ၊ ငါးပိ နှင့် ဟင်းခတ်မှုန့် အနည်းငယ် တို့ကိုထည့်ပါ ။
  5. အဖုံးအုပ်ပြီး မီးရှိန်အေးအေးမှာ အပူပေးပါ ။ အငွေ့ကြောင့် အသီးများ အစိမ်းရောင် ပြောင်းလာလျှင် အဖုံးဖွင့်ပြီး ညှင်သာစွာ မွှေပေးပါ ။
  6. အရသာ ခပ်ရှိန်းရှိန်းလေး နှစ်သက်လျှင် ထောင်းထားသော ငြုပ်ကောင်းစေ့ အနည်းငယ်ထည့် မွှေပေးပါ ။
  7. မိမိနှစ်သက်တဲ့ အရသာရလျှင် ပန်းကန်ထဲပြောင်းထည့်ပြီး သုံးဆောင်နိုင်ပါပြီ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

3.8 (8 Votes)