သင်္ဘောသီးမှည့်ဟာဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကိုစားလျှင် ရရှိနိုင်သော အကျိုးကျေးဇူးတွေကတော့-

(၁) အသားအရေကို လှပါစေပါတယ်။

(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။

(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ဝမ်းကို ပျော့စေပါတယ်။

(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။

(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။

(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူးဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောဂါများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။

Credit: ရိုးရာလေး