ပါဝင်ပစ္စည်းများ

  • ဘဲသား
  • သင်္ဘောသီး
  • ငါးငံပြာရည်
  • သကြားနည်းနည်း
  • အသားမှုန့်
  • မဆာလာ
  • ဂျင်း
  • နနွင်းမှုန့်
  • ငရုတ်သီး
  • ကြက်သွန်နီ /ဖြူ

ပြင်ဆင်ပြုလုပ်နည်း

  1. ဘဲသားကို သေချာဆေးကြောပြီး တစ်ကိုယ်လုံးကို မီးအနည်းငယ်ကင်ပေးပါ ။ အသားကျက်အောင် ကင်တာမျိုးမဟုတ်ဘဲ ၊ မီးနဲ့ထိပြီး အနံ့လေး မွှေးလာအောင် မီးပြရုံ ကင်ပေးပါ ။ ပြီးရင်တော့ အနေတော်အတုံးလေးတွေ လှီးထားပါ ။
  2. ပြီးရင် ငါးငံပြာရည် ၊ သကြားနည်းနည်း ၊ အသားမှုန့် နဲ့ မဆာလာထည့်ပြီး ရောနယ်ပြီး နှပ်ပေးထားပါ ။
  3. ကြက်သွန်နီ ၊ ဖြူ ၊ ဂျင်း ၊ နနွင်းမှုန့် အနည်းငယ်ထည့်ထောင်းတဲ့ ငရုတ်သီးကို ဆီချက်လိုက်ပါ ။ ငရုတ်သီးဆီကျက်သွားပြီဆိုရင် နှပ်ထားတဲ့ဘဲသားကို ထည့်ပြီး ပေါင်းလို့ရပါပြီ ။ ဘဲသားက အနူးကြာတဲ့အတွက် အချိန်တော်တော်ကြာလို့ ဘဲသားအိလာတဲ့အထိ ရေများများထည့်ပြီး ပေါင်းထားပေးရပါမယ် ။
  4. ဘဲသားအတော်အတန် နူးလာပြီး ရေမခန်းတခန်းလောက် ရောက်ပြီဆိုရင်တော့ သင်္ဘောသီးကို ထည့်ပေးလိုက်ပါ ။ သင်္ဘောသီးက အသားကို အနူးမြန်စေပါတယ် ။ အသားရော သင်္ဘောသီးရော နူးအိလာပြီဆိုရင်တော့ စားဖို့ရန် အဆင်သင့်ဖြစ်ပါပြီ ။ အရသာရှိတဲ့ သင်္ဘောသီး ဘဲပေါင်းဟင်းကို ရနိုင်ပြီ ။

(စပါးလင်ကိုတော့ ထည့်လေ့မရှိပါ ။ ဒါပေမယ့် ဘဲသားက အနံ့ အနည်းငယ် ရှိတဲ့အတွက် စပါးလင် ထည့်ထားရင် ပိုသင့်တော်ပါတယ် ။ ဆီထည့်တာ များတာမဟုတ်ပါ ။ ဘဲသားက ဆီထွက်တာပါ )

Credit: အစားအစာကမ္ဘာ