ထမင်း - Rice Dishes

သံပရာ-အုန်းနို့ထမင်း

September 16, 2016

သံပရာ-အုန်းနို့ထမင်း

Share this on:

သံပရာအုန်းနို့ထမင်းက အအီကြောက်သူများနှင့် အုန်းနို့စားလျှင် သွေးတက်တတ်သူများ အတွက် အဆင်ပြေပြေ စားသုံးနိုင်သော ထမင်းလေးပါ။ သံပရာနံ့ သင်းသင်းလေးနှင့် ချက်ထားသောထမင်းကို ကြိုက်နှစ်သက်ရာ ဟင်းဖြင့် စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် – ၃ ဘူး
  • သံပရာသီး – ၂ လုံး (ထက်ခြမ်းခြမ်းထားပါ)
  • အုန်းနို့ – ၂ ဘူး (အသင့်စားဘူး)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြားညို – စားပွဲဇွန်း ၁ ဇွန်း
  • ရေ – ၂ ခွက်ခွဲ (ဟင်းချက်ရန်တိုင်းသောခွက်)
  • သံပရာခွံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်နည်း

  1. ထမင်းပေါင်းအိုးထဲ ဆေးပြီးသား ဆန်နှင့် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး တည်ပါ။
  2. ထမင်းကျက်လျှင် ထမင်းထဲမှ သံပရာခြမ်းကို ယူပြီး ထမင်းပေါ် ဖျန်းပေးပါ။
  3. ကြက်သားဆီပြန်၊ ဆိတ်သားဆီပြန် စသည့် ဟင်းပွဲများနှင့် လိုသလို သုံးစွဲနိုင်ပါတယ်။

Review

User Rating

0 (0 Votes)

author-avatar

Syi Lwin is a chef, food writer, food stylist, food developer and TV chef