ဟင်းချက်ဖွယ်ရာများ - Ingredients | အထွေထွေ ဗဟုသုတ - General Knowledge

သံလွင်ဆီနဲ့ ကျန်းမာရေး ကောင်းကျိုး

April 27, 2016

သံလွင်ဆီနဲ့ ကျန်းမာရေး ကောင်းကျိုး

Share this on:

သံလွင်ဆီကို ကြိုက်ကြပါသလား? ဒီမေးခွန်းကို မေးတဲ့အခါ ကြိုက်တယ်လို့ ဖြေတဲ့လူ အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ ပီဇာ၊ ဆန်းဝစ်ဒ်နဲ့ Salad တွေထဲမှာသာ ပါတဲ့ အနည်း ငယ်ကိုပဲ စားကြတာပါ။ ဒါပေမယ့် သံလွင်ဆီဟာ အရသာ ကောင်းရုံသာ မကဘဲ ကျန်းမာရေးကောင်းကျိုးတွေလည်း ပေးပါတယ်။ အခုနောက်ပိုင်းမှာတော့ သံလွင်ဆီဟာ လူသိများလာပြီး အသုံးပြုလာကြပါပြီ။ အဓိကကတော့ အလှအပနဲ့ ကျန်းမာရေး အတွက်ပါပဲ။ ချက်ပြုတ်ခြင်းနဲ့ ဆေးဝါး ထုတ်လုပ်တဲ့ နေရာတွေမှာလည်း သုံးကြပါတယ်။ မြေထဲပင်လယ် အနီးတ၀ိုက်ဒေသတွေမှာ အသုံး များကြပါတယ်။ သံလွင်ဆီကို Supermarket တွေမှာ အလွယ်တကူ ရှာတွေ့နိုင်ပြီး ဈေးကတော့  အနည်းငယ်တော့ များပါလိမ့်မယ်။ ဒါပေမယ့် ၀ယ်နိုင်တဲ့ ပမာဏပါ။

 

သံလွင်ဆီမှာ ဗီတာမင် အီး ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး Monounsaturated Fats ပါဝင်တာကြောင့် နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနှုန်း လျော့ချ စေပါတယ်။ သံလွင်ဆီ တစ်နေ့ ၂၃ ဂရမ် စားသုံး ပေးပါက နှလုံး သွေးကြောကျဉ်း ရောဂါနဲ့ နှလုံးအဆီဖုံး ရောဂါတို့ ဖြစ်ပွားမှုနှုန်း လျော့ချာ စေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးပြီး သွေးထဲက အဆီဓာတ်ကို လျော့ချပေးပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ Anti-inflammatory ရဲ့ ဂုဏ်သတ္တိဟာ ကိုယ်ခန္ဓာမှာ ဖြစ်တတ်တဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။  သံလွင်ဆီကို ရေရှည်အသုံးပြုသူတွေ အတွက်ကတော့ သွေးကြောတွေရဲ့ ဖိအားကို နည်းစေပြီး သွေးလွှတ်ကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းအားကို များစေပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်ရပ်ခြင်းနဲ့ လေဖြတ် လေဖြန်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
သံလွင်ဆီဟာ ဆံပင်နဲ့ အသားအရည်အတွက်တော့ ကောင်းမွန်တဲ့ အစားအစာ တစ်မျိုးပါ။ Fatty Acids နဲ့ Antioxidants တွေ ပါဝင်တဲ့ အတွက်ကြောင့် ဆံသားရဲ့ ကျန်းမာရေးကို အထူးအထောက်အကူဖြစ်စေပြီး အသားအရည် ကြည်လင်မှုကိုလည်း ပေးပါတယ်။ အရေပြား ခြောက်သွေ့သူတွေ အတွက် Moinsturizing စွမ်းရည်ပေးတဲ့ သံလွင်ဆီကို လိမ်းပေးခြင်းအားဖြင့် ကြည်လင်လာစေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရတော့ သံလွင်ဆီကို လိမ်းပေးခြင်းအားဖြင့် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း လျော့ချစေနိုင်ပါတယ်။ ဓာတ်မတည့်မှုတွေ ဖြစ်တတ်တဲ့သူတွေ အတွက်ဆိုရင်လည်း သံလွင်ဆီကို စိတ်ချစွာ သုံးနိုင်ပါတယ်။

 

သံလွင်ဆီထဲမှာ ပါတဲ့ သံဓာတ်ဟာကိုယ်ထဲက ဟီမိုကလိုဘင် ကို အမြဲ ထိန်းညှိပေးပြီး အမျိုးသမီးတွေ အတွက် အထူး သင့်တော်ပါတယ်။ ဆံပင်ကျွတ်သူတွေ အတွက် ခေါင်းမလျှော်ခင် တစ်နာရီ အလိုလောက် ဆံပင်အနှံ့ကို သံလွင်ဆီလိမ်းပြီး တဘတ်တစ်ထည်နဲ့ ပေါင်းထားပေးပါ။ ပြီးမှ လျှော်ချလိုက်ပါ။ ဒါဆိုရင် တဖြည်းဖြည်းနဲ့ ဆံပင်ကျွတ် သက်သာလာပါလိမ့်မယ်။

Credit: Zeenews

Review

User Rating

3.3 (6 Votes)