သွားကို အထူးသဖြင့် ထိခိုက်အန္တရာယ်ဖြစ်စေတဲ့ အစားအသောက် တချို့ရှိပါတယ်။ အဲဒီအရာတွေကို စားသုံးခြင်းက ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ စာရင်းအချက်အလက်မှာ ဖော်ပြထားတဲ့ အစားအစာတွေမှာ စဉ်းစားချင့်ချိန်မှုမရှိဘဲ ကျွန်ုပ်တို့ စားသုံးနေတဲ့ နေ့စဉ်အစားအစာတွေဖြစ်ပါတယ်။ တချို့အစားအသောက်တွေက သွားရဲ့ အပူအအေး၊ အချိုအငံ ရသာခံစားမှု ပိုဖြစ်စေနိုင်တဲ့ သွားကြွေတိုက်စားမှု ဖြစ်စေနိုင်ပါတယ်။

အခုခေတ်မှာ သွားတိုက်ဆေးများကြောင့် သွားရဲ့ ရသခံစားတတ်မှုကို ပျက်ပြယ်သွားစေနိုင်ပါတယ်။

သို့သော် သွားကြွေပျက်စီးမှု ပိုမိုဆိုးရွားလာပါက ကြာလာတာနဲ့အမျှ သွားမှာ အပေါက်တွေ ဖြစ်လာပြီး သွားပိုးပေါက်တွေ ဖြစ်ပွားပါတယ်။ ဒီတော့ သွားတွေဖာဖို့ လိုအပ်လာပါတယ်။ သွားတွေပျက်စီးပါက ဘယ်ဆေးကမှ မူလအခြေအနေတိုင်းပြန်ဖြစ်မလာစေနိုင်သည့်အချက်က သွားပျက်စီးမှုပြသနာရင်ဆိုင်ရလာခါမှာ ကြောက်စရာကောင်းတဲ့အချက် ဖြစ်ပါတယ်။  ဒီအစားအသောက်တွေကို မစားလို့မရတာကြောင့် စားပြီးနောက် ပါးစပ်ကို သေချာ ပလုတ် ကျင်းဆေးကြောပြီးမှသာလျှင် သွားတိုက်သင့်ပါတယ်။

သွားကြားရှိ ထမင်းအစအနတွေ ဖယ်ရှားဖို့ သွားကြားထိုးတံသုံးဖို့ အကြံပြုထားပါတယ်။ သွားဆရာဝန်ဆီ ပုံမှန်ပြခြင်းဖြင့် သွားပျက်စီးမှုမဖြစ်အောင် ထိန်းသိမ်းနိုင်ပြီး အန္တရာယ် ထပ်မံမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားကို ကာကွယ်ဖို့ အဓိကနည်းလမ်းတစ်ခုက ပါးစပ်အတွင်း အချိုဓာတ်ကြာကြာမထားဖို့ ဖြစ်ပါတယ်။

သွားကို ပျက်စီးစေတဲ့ အစားအသောက်များ 

သကြားလုံးများ

အက်ဆစ်ဓာတ်များသော အစားအစာများ

ဝါးစားနိုင်သည့် ဆေးလုံးများ

ကစီဓာတ်ကဲသော အစားအစာများ

ဆိုဒါ၊ အချိုရည်များ

အရက်၊ ဝိုင်

သွားအဖို့ ကောင်းသည့် အစားအစာများမှာတော့

  • ရေ ၊ နို့ဖြင့်ပြုလုပ်တဲ့ အစားအစာများ
  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ
  • အခွံမာအသီးများ
  • ဂရင်းတီး

အရေးကြီးအချက်

ဖျော်ရည်၊ အချိုရည်သောက်ပြီး သို့မဟုတ် အက်ဆစ်ဓာတ်များတဲ့အရာ တစ်ခုခုစားပြီးနောက် ချက်ချင်းသွားမတိုက်ပါနဲ့။ တိုက်ပါက သွားကြွေတွေ မြန်မြန်ပျက်စီးစေပါတယ်။ ရေဖြင့် သေချာဆေး၊ နဂိုသွားရည်တွေ ထွက်လာအောင် နာရီဝက်လောက်စောင့်ပြီးမှ တိုက်ပါ။

Ref: Indiatimes

Credit: PannPwint-Health