မြန်မာနိူင်ငံမှာ မီးဖိုချောင် တာဝန်ကို အိမ်ရှင်မတွေက အများဆုံး တာဝန်ယူ ကြရပါတယ်။ ဟင်းချက် ကျွမ်းကျင်သည်ဖြစ်စေ မကျွမ်းကျင်သည်ဖြစ်စေ စီမံခန့်ခွဲမှုကိုတော့ မဖြစ်မနေ ထမ်းဆောင် ကြရပါတယ်။ စုစည်းနွေးထွေးမှုကို နှစ်သက်သော အိမ်ထောင်ဦးစီး၊မိသားစုဝင်များ ရှိပြီဆိုရင်တော့ မီးဖိုချောင် တာဝန်ကို ယူထားကြ ရသူများ အဖို့ပိုပြီး ပင်ပန်းရဖွယ် ရှိပါတယ်။

ငယ်စဉ် အချိန်က ကျော့မောစွာ နေထိုင် ခဲ့ရသော၊ အပြင် စီးပွားရေးများကို လုပ်ကိုင်ရသူ အမျိုးသမီးများ၊အိမ်နှင့် အချိန် ကြာမြှင့်စွာ ဝေးပြီး နေထိုင် ကြရတဲ့ အမျိုးသားများ ပါ ဒီအခက်အခဲကို ရင်ဆိုင်ဖူး ကြမှာပါ။ ခေတ္တ ခဏတာ အတွက် ဆိုရင်တော့ လွယ်ကူ မြန်ဆန်တဲ့ ချက်ပြုတ် နည်းတွေကို လေ့လာနိူင်ကြပေမယ့် ရေရှည် စီမံကိန်းများ အတွက် ဆိုရင်တော့ အခြေခံနည်း ပညာများမှ စတင်ပြီး လေ့လာ ကြဖို့ အကြံ ပေးပါရစေ။

ဟင်းချက်နည်းရဲ့ အခြေခံ အစကတော့
(၁) ကိုယ်အသုံးပြုမဲ့ ဟင်းချက် ပစ္စည်းတွေရဲ့ အကျိုး သက်ရောက်မှု နှင့် အသုံးဝင်ပုံ
(၂) ဖိုချောင်သုံးပစ္စည်းများကို နည်းစနစ် မှန်ကန်စွာ အသုံးပြုပုံ
(၃) ရာသီ အလိုက် ပေါ်သော ဟင်းသီး ဟင်းရွက်များကို ခန့်မှန်း တွက်ဆနိူင်မှု
(၄) ရာသီ ဥတု အခြေ အနေ
(၅) ဈေးကွက် အခြေအနေ ပြောင်းလဲမှု
(၆) အခြား ဒေသန္တရ ဗဟုသုတ များကိုလည်း လေ့လာ သိရှိထားဖို့ လိုအပ်ပါတယ်။

(၁) ကိုယ်အသုံးပြုမယ့် ပစ္စည်းတွေရဲ့ အကျိုး သက်ရောက်မှု နှင့် အသုံးဝင်ပုံ လို့ဆိုရာမှာ ဟင်းပွဲတွေကို ဖန်တီး မယ့်သူ တစ်ယောက်က ငရုတ်သီးထောင်းနည်း ၊ ကြက်သွန်နီပါးပါးလှီးနည်း၊ နံနံပင်ရေဆေးနည်း စသည့် အောက်ခြေသိမ်း အခြေခံများ ကိုပါ ကျွမ်းကျင် ပိုင်နိူင် ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Hotel Lifeမှာ ကျင်လည်စဉ် အခါတုန်းက သင်တန်းဆင်းပြီး Training လာဆင်းကြတဲ့ သင်တန်းသားများကို ကြက်သွန်နီ ပါးပါးလှီးပြီး ညီးနံ့မနံအောင် ရေဆေးနည်းကို ညွှန်ကြားပြောပြတဲ့အခါ..”ကျွန်တော်၊ကျွန်မတို့က တကယ့် ဟင်းပွဲကြီးတွေကို လေ့လာဖို့လာတာပါ၊ ဒီလို အခြေခံ အလုပ်တွေကို မလုပ်ချင်ဘူး”ဆိုတဲ့ အသံမျိုးကို မကြာ ခဏကြားရလေ့ ရှိတတ်ပါတယ်။တကယ်လို့ ထိုသူဟာ ကြက်သွန်နီ ပါးပါးလှီးပြီး သုံးရမယ့် မြန်မာ ပုံးရည်ကြီးသုပ်ကို သုပ်ရတော့မယ် ဆိုပါစို့။ သူရဲ့လက်ရာ (လက်ဆိပ်)၊သူ့ဖန်တီးမှု အနုပညာ ဘယ်လောက်ရှိရှိ ဒီဟင်းပွဲဟာ ပြီးပြည့်စုံတဲ့ အခြေအနေမျိုးမှာ ရှိမနေတော့ဘူး ဆိုတာ သတိပြု စေချင်ပါတယ်။အကယ်၍ ကိုယ်က ဦးဆောင်သူ အနေအထား မှာရှိနေရမယ့် အချိန်မျိုးမှာ အခြေခံနည်းတွေကို ကျွမ်းကျင် ပိုင်နိူင်ထားမှသာ မိမိ လက်အောက် ငယ်သား၊အဖွဲ့ကို ကျွမ်းကျင် ပိုင်နိူင်စွာ ဦးဆောင်နိူင်မှာ ဖြစ်ပါတယ်။ အသုံးဝင်ပုံ ဆိုရာမှာ ကျွန်တော်တို့တွေဟာ မုန်ညှင်းဖြူ ကြော်မယ်ဆို ပြင်ပ အခွံ ၂ခု လောက်ကို ခွာပြီး စွန့်ပစ်လေ့ ရှိတတ် ကြပါတယ်။အသုံးပြုနည်းကို ကျွမ်းကျင်သူ တစ်ဦးအနေနဲ့ ဆိုရင်တော့ ဟင်းပွဲ အလှဆင်တဲ့ နေရာ တစ်ခုခုမှာ အသုံးပြု လိုက်မှာ ဖြစ်ပါတယ်။

(၂) မီးဖိုချောင် သုံးပစ္စည်းများကိုလည်း မှန်ကန်စွာ အသုံးပြု တတ်ဖို့လိုအပ်ပါမယ်။ ထောင်းသင့်တဲ့ ပစ္စည်းကို ထောင်းဖို့ ငရုတ်ဆုံ မဖြစ်မနေ လိုအပ်မှာ ဖြစ်သလို အလွယ်လမ်းကို လိုက်ပြီး စက်နဲ့ကြိတ် လိုက်မယ်ဆိုရင် ကိုယ်ဖန်တီးလိုတဲ့ ဟင်းပွဲဟာ အခြေအနေ အမှန်ကို မရောက်နိူင် တော့ပါဘူး။ ဥပမာအားဖြင့် ကြက်ဥမွှေကြော် အတွက် ခက်ရင်းတစ်ချောင်း အသုံးပြုပြီး ခေါက်နိူင်ပေမယ့် ကြက်ဥပူတင်း လုပ်မယ် ဆိုရင်တော့ ကြက်ဥအရည်ကို မွှေတဲ့ ကိရိယာ Wire Whisk ကို မဖြစ်မနေ အသုံးပြုပါမှ ကြက်ဥရဲ့ အကြောပြတ်ပြီး လှပတဲ့ ပူတင်း အသားကို ရရှိနိူင်မှာဖြစ် ပါတယ်။

(၃) ရာသီပေါ် ဟင်းသီး ဟင်းရွက်များကို ခန့်မှန်း တွက်ဆမှုကို ဥပမာေ ပးချင်တာ ကတော့ မုန်ညှင်းချဉ် ခေါ်တဲ့ ရှမ်းချဉ် ဖြစ်ပါတယ်။မုန်ညှင်း ချဉ်မှာ ပါဝင်တဲ့ ပစ္စည်း အတော် များများကေ ဆာင်းရာသီမှာ စုစည်းရရှိ တတ်ကြလို့ ဆောင်းရာသီမှာ ပြုလုပ်ဖို့ အစီအစဉ် ဆွဲရပါတယ်။ယနေ့ ခေတ်ကာလမှာ ရာသီမရွေး ရနိူင်ပြီ ဆိုပေမယ့် အဓိက နည်းလမ်းဖြစ်တဲ့ နှင်းရိုက် နေလှမ်း စတာတွေကို ဆောင်းရာသီ မှာသာ ရရှိနိူင် တာကြောင့် ရောင်းတမ်း မုန်ညှင်းချဉ်တွေနဲ့တကယ့် သဘာဝ အရသာ ကွာခြား ပုံများကို စမ်းသပ် လေ့လာ ကြည့်နိူင်ပါတယ်။သရက်သီး သနှပ် ဆိုလဲ သရက်သီးစိမ်း ပေါများချိန်မှာ လုပ်မှသာ မိမိအတွက် လွယ်ကူပြီး ကုန်ကျစရိတ် သက်သာနိူင်တယ် ဆိုတဲ့ အခြေခံ သဘောတရားကို လေ့လာ သဘောပေါက်မှာပါ။ ဒါကြောင့် ဒီအချက် ဟာလည်း အရေးကြီး လိုက်နာရမယ့် အချက်တစ်ခု အဖြစ် အကျုံးဝင် နေပါတယ်။

(၄) ရာသီဥတု အခြေအနေနဲ့ ပက်သက် ပြီးတော့ အကြံေ ပးစရာ သိပ်မရှိ လှပါဘူး။ ရာသီဥတု ပူရင် အအေး စာလေးကို စီစဉ်မယ်၊ရာသီ ဥတု အေးနေရင် ပူနွေးသော ဂုဏ်သတ္တိ ရှိတဲ့ အစားအစာတွေကို စီစဉ်ကြတဲ့ အခြေအနေမျိုးကို အားလုံး နားလည် လက်ခံ ထားကြပြီးြ ဖစ် တယ် ဆိုပေမယ့် ဟင်းချက် ဝါသနာ ပါသူတွေ၊ စီမံခန့်ခွဲသူတွေ အနေနဲ့ အရေးကြီးတဲ့ အချက် ဆိုတာကိုတော့ အမြဲသတိ ရှိနေဖို့ လိုအပ်ပါတယ်။

(၅) ဈေးကွက် အခြေအနေ ပြောင်းလဲမှု ဆိုရာမှာ တစ်ခါတရံ အချို့ ပစ္စည်းတွေဟာ ဝယ်လို အားများမှု၊ ရှားပါးမှု တို့ကြောင့် ပစ္စည်းပြတ်၊ဈေးတက်တဲ့ အခြေအနေ မျိုးကို ကြုံရလေ့ ရှိတတ်ပါတယ်။ဥပမာ အခုလို အချိန်မျိုးမှာ ကြက်သွန်နီ တစ်ပိဿာကို (၄)ထောင်ကျပ် ဝန်းကျင်ြ ဖစ် နေတာကြောင့် ကြက်သွန်နီ များများ သုံးရမယ့် ဟင်းပွဲ ချက်ပြုတ်ခြင်း မျိုးကို ခေတ္တ ရှောင်ထား သင့်ပါတယ်။မဖြစ်မနေ စီမံရမယ့် အနေအထား မျိုးဆိုရင်တော့ တတ်နိူင် သလောက် ခြွေတာ သုံးတတ်ဖို့ လိုအပ်ပါတယ်။

(၆) အခြား ဒေသန္တရ ဗဟုသုတများ ဆိုတာကတော့ အထူး လိုအပ် လှပါတယ်။မီးဖိုချောင် ဝင်ပြီး ဟင်းပွဲတွေကို စီမံမယ့်သူဟာ ကိုယ်တိုင်လဲ ဈေးသွားဖို့ လိုအပ်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ ဈေးတွေ ထဲမှာမှ သာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လက်တွေ့ လေ့လာ သိရှိနိူင်လို့ ဖြစ်ပါတယ်။ ရံဖန် ရံခါ အားလပ် ချိန်လေးများ ယူပြီး စူပါ မားကတ် တွေမှာ ရှိတဲ့ အမျိုး စုံလင်လှတဲ့ ကွဲပြား ခြားနားတဲ့ ကုန်ပစ္စည်း တွေရဲ့ အကြောင်းကို လေ့လာ သင့်ပါတယ်။ ဥပမာ သကြားညို၊ သကြားဖြူ၊ icing sugar စသည်ဖြင့် ကွဲပြား ခြားနားတဲ့ ပုံစံ၊အသုံးပြုပုံ တွေကို လေ့လာ ကြရပါမယ်။ တစ်ခါတရံ ကိုယ်မသိတဲ့ ငါး အမျိုးအစား တွေကိုအမည်၊ပုံနှင့် တကွ လေ့လာ ထားမယ် ဆို တကယ့် လက်တွေ့ ရင်ဆိုင် ကြုံတွေ့ရတဲ့ အခါများစွာ အထောက် အကူ ပြုနိူင်ပါတယ်။ ကိုယ်နေ ထိုင်ရာမှာ အများဆုံး ချက်ပြုတ် စားသောက်ကြပုံ နှင့် နေရာဒေသ မတူ သော ကွဲပြား ခြားနားတဲ့ လက်ရာများကိုလည်း လေ့လာ ကြရပါမယ်။

နောက်ဆုံး အကြံပြု လိုတာ ကတော့ ဟင်းချက်နည်း အနုပညာ ဆိုတာ ဘယ်တော့မှ ကုန်ဆုံး မသွားပဲ အသစ်၊အသစ်သော ဆန်းသစ် တီထွင် မှုတွေ နဲ့ နေရာ ဒေသ အစုံမှာ နည်းမျိုးစုံ နဲ့ ကမ္ဘာကြီးကို ဖမ်းစား ထားနိူင်စွမ်း ရှိနေတာကြောင့် မိမိရဲ့ လေ့လာ အားထုတ်မှု၊ကြိုးစားမှု တို့ကို “ငါတော့တတ်ပါပြီ” ဆိုပြီး ရပ်တန့်မပစ် လိုက်ဖို့ ပါပဲ။ဟင်းပွဲတွေကို တီထွင် ဖန်တီး သူတွေဟာ ပီတိကို စား အားရှိနေသော အနုပညာ ဖန်တီး သူတွေ ဖြစ်တယ် ဆိုတဲ့ အချက်ကို ရဲရဲဝံ့ဝံ့ ဂုဏ်ယူ ဝံ့ကြွားကြပါစို့။

ချစ်ခြင်းများစွာဖြင့်

Win Naing Thein

Photo Credit: Grand Lana