Recipes | ငါး - Fish | ဟင်းရည် - Soups

ဟင်းချိုငါးခေါင်း

December 31, 2015

ဟင်းချိုငါးခေါင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးခေါင်း
  • ဟင်းရွက်များ
  • မျှစ်ချဉ်
  • ခရမ်းချဉ်သီး
  • ငုံးဥ
  • ဥနီ
  • ပဲပြား
  • ပန်းဂေါ်ဖီ
  • တုံးယမ်း အနှစ်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း အနည်းငယ်
  • စပါးလင်
  • ဆီ
  • ဆား
  • နနွင်း
  • အချိုမှုန့်
  • သံပုရာသီး ၁လုံး
  • ငြုပ်သီးအရောင်တင်မှုန့်
  • ငြုပ်သီးစိမ်း
  • ငြုပ်ကောင်း
  • ငံပြာရည်
  • နံနံပင်
  • ရေနွေး

ပြုလုပ်နည်း

  1. ငါးခေါင်း ကို အသားပါအောင် ကြီးကြီးခုတ်ပြီး ဆား၊ နနွင်း ၊ အချိုမှုန့်၊ သံပုရာသီး ၁လုံးနဲ့ အရင်နယ်ပါ။
  2. အိုးထဲမှာ ဆီအနည်းငယ်နှင့် ညက်ညက် စဉ်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနည်းနည်း ၊ စပါးလင် များများနဲ့ ဆီသပ်ပါ။
  3. ငြုပ်သီး အရောင်တင်မှုန့် ထည့်ပါ။
  4. ငါးကိုထည့်ပြီး ဆီလေးနဲ့ ခဏလုံးပါ။ (ဆီနဲ့ လုံးပြီး ဆူပြီးသား ရေနွေး နဲနဲ ထည့်ပါ)။
  5. မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ငုံးဥ၊ ဥနီ၊ ပဲပြား၊ ပန်းဂေါ်ဖီ ထည့်ပါ။
  6. တုံးယမ်း အနှစ်ကို ထည့်ပါ။ (အချဉ်များတာ ကြိုက်ရင် များများထည့်ပါ။)
  7. ဆား၊ ငံပြာရည်၊ အချိုမှုန့်၊ ငြုပ်ကောင်း အသင့်အတင့် ထည့်ပါ။
  8. ဟင်းရွက်တွေ တအား မနူးစေဘဲ ကိုယ်ကြိုက်တဲ့ အပေါ့ငန် အနေတော်ဘဲ ဆိုရင် ငြုပ်သီးစိမ်းနဲ့ နံနံပင် အုပ်ပြီး မီးပိတ်လို့ရပါပြီ။
Credit: ဒီနေ့ ဘာစားကြလဲ

Review

User Rating

0 (0 Votes)