ဟမ္ဘာဂါ

Share this on:

30,4

30,3

30,2

30,1

အသားပြားအတွက် ပါဝင်ပစ္စည်းများ

  • ၀က်သား (သို့) ကြက်သားအကြေ - ၄၀၀ ဂရမ်
  • ကြက်ဥ - တစ်လုံး
  • Bread Crumbs (ပေါင်မုန့်အကြေ)
  • ကြက်သွန်အနီ - တစ်လုံး ( သေးသေးလေးတွေ chop လုပ်ထားပါ)
  • ကြက်သွန်ဖြူ - ၅မွှာ-၆မွှာခန့်  (ညက်နေအောင်ထောင်းထားပါ )
  • ကြက်သွန်မြိတ် - ၃ချောင်းခန့်
  • ငရုပ်ကောင်းမှုန့် မညက်တညက် (Black Pepper) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  • ဆား - အနည်းငယ်
  • သကြား - စားပွဲဇွန်း ၂ဇွန်းခန့်
  • ပဲငံပြာရည် အချိုရည် (အကြည်ရေ) - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်
  •  ပါစတာ Spice - အနည်းငယ်
  •  သံလွင်ဆီ (Olive Oil) - အနည်းငယ် (အသားကင်ရန်အတွက်)

ပြင်ဆင်ပြုလုပ်နည်း

  1. အထက်ပါပစ္စည်းတွေ အားလုံးရောပြီး နှံ့နေအောင်နယ်ပါ ။   ပြီးတော့ မကင်ခင် ၁နာရီခန့် နှပ်ထားပါ ။
  2. ဒယ်အိုးကို မီးအနေတော် (Medium) နဲ့ တည်ပါတယ် ။ သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပါ ။
  3. လက်ကို သံလွင်ဆီ ရွှဲရွှဲသုတ်ပြီး အသားနယ်ထားတာကို လက်တစ်ကုတ်စာလောက်စီ အလုံးကြီးတွေ လုံးပါ ။ ပြီးတော့ပြား၍ ဒယ်အိုးထဲ ထည့်ကင်ပါ ။ သံလွင်ဆီသုတ်တာက အသားတွေ ပြားအပြီးမှာ လက်က ခွါမရပဲ ကပ်နေမှာစိုးလို့ပါ ။

ဟမ်ဘာဂါအတွက် ပါဝင်ပစ္စည်း

  • ဟမ်ဘာဂါပေါင်မုန့်အလုံး          တစ်ထုတ် (၄လုံးပါ ပါတယ်)
  • မယိုးနိစ် (Mayonnaise)          တစ်ပုလင်း
  • ခရမ်းချဉ်သီး                           ၂လုံး  (အကွင်းလိုက် ပါးပါးလှီးထားပါ)
  • သခွါးသီး                                 တစ်လုံး (ပါးပါးလှီးထားပါ)
  • ချိစ်ပြား
  • ဆလပ်ရွက်
  • ဆော့စ်
  • French Fry (အာလူးချောင်းကြော်)

    ပြုလုပ်နည်း

    1.ပေါင်မုန့်ကိုအလည်က ခြမ်းပြီး ၂ဖက်စလုံး မရိုးနိစ် များများ သုတ်ပါ ။
    2.ခရမ်းချဉ်သီး ၊ သခွါးသီးတို့ကို တစ်ထပ်ချင်းထည့် ၊ ချိစ်ပြားထည့် ၊ အသားထည့် ၊ ဆလပ်ရွက်အုပ်ပြီး အပေါ်က ပေါင်မုန့်အုပ် စားနိုင်ပါပြီ။

    Credit: TT Sweet
  • Review

    User Rating

    0 (0 Votes)