နဂါးမောက်သီးကို တော်တော်များများ စားဖူးကြမှာပါ။ အတုံးလေးတွေ စိပ်ထားရင် လှပတဲ့ နှမ်းစေ့လေးတွေ ကပ်သလို အသွင်အပြင်ဟာ တခြား အသီးတွေနဲ့ ခြားနားပါတယ်။ အရသာဟာ မချိုလွန်း မစိမ့်လွန်းတဲ့ အရသာကို ပေးစွမ်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ အသီးတစ်မျိုးဆိုရင် မမှားပါဘူး။ သူ့မှာ အဖြူနဲ့ အနီဆိုပြီး အရောင် နှစ်မျိုး ရှိတယ်လို့ လူသိများပေမယ့် တကယ်တမ်း ရှိတာက သုံးမျိုးပါ။ အပြင်ဘက်အခွံက ပန်းရောင်ဖြစ်ပြီး အတွင်းသားက အဖြူနဲ့ အနီ၊ နောက်တစ်မျိုးက အခွံက အဝါရောင် ဖြစ်ပြီး အတွင်းက အဖြူရောင် ရှိတဲ့ အသီးတွေပါ။ အသီးတိုင်းမှာတော့ အစေ့အမည်းလေးတွေ ရှိပါတယ်။ ပုံသဏ္ဍန်အားလုံးကတော့ အတူတူပါပဲ။

နဂါးမောက်သီးမှာ ဗီတာမင်စီနဲ့ ဗီတာမင်ဘီ အုပ်စုတွေ ပါဝင်ပြီး သံဓာတ် စုပ်ယူတဲ့ နေရာမှာ အကူအညီပေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် စားသုံးဖို့ သင့်တော်သလို ကလေးကြီးထွားစေဖို့ လိုအပ်နေတဲ့ ပရိုတိန်းဓာတ်ကို စုပ်ယူပေးပါတယ်။ ဆီးချိုသမားတွေ အတွက်ကတော့ အကောင်းဆုံး အသီးပါပဲ။ သွေးအတွင်းက သကြားဓာတ်ကို လျော့ချနိုင်စွမ်း ရှိတဲ့ အပြင် ကင်ဆာဖြစ်စေမယ့် အန္တာရာယ်ကနေ ကာကွယ်ပေးပါတယ်။ အိုင်ယွန်းနဲ့ ကယ်ဆီယမ်ဓာတ်တွေပါ ကြွယ်ဝပြီး ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ရေဓာတ် ၈၀% ပါဝင်ပါတယ်။

ရေဓာတ်များစွာ ပါဝင်တဲ့ အတွက် အသားအရေခြောက်သွေ့ခြင်းကို ကုသပေးမှာ ဖြစ်ပြီး အရိုးနဲ့သွားတွေကို ခိုင်မာစေပါတယ်။ အစာခြေဖျက်အားကို ကောင်းမွန်စေတဲ့ အပြင် ကိုလက်စထရောတွေကို လျော့ချပေးနိုင်ပါတယ်။ မှတ်ဉာဏ်အား ကောင်းစေခြင်းက လူကြီးများ အတွက် သင့်တော်ပြီး နလန်ထ လူမမာများ အတွက် သင့်တော်တဲ့ အသီးတစ်မျိုးပါ။