အချို့သော လူတွေဟာ အစားအစာ တစ်ခုစားပြီးတိုင်း နောက်တစ်ခု ထပ်ထပ် စားချင်စိတ်တွေ ရှိကြပြီး အတောမသတ်နိုင်တဲ့ စားချင်စိတ်တွေကို ဖြည့်ဆည်းရင်း အဆီတွေစုပြီး ၀ လာတတ်ကြပါတယ်။ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် မကောင်းတဲ့ အတွက် ဒီအကျင့်ကို ပြင်ဖို့ လိုပါတယ်။ အလုံးစုံကို မပြောင်းလဲနိုင်ပေမယ့် ထိန်းချုပ်ပြီး စားမယ်ဆိုရင်တော့ အလေ့အကျင့် ပြန်ဖြစ်သွားမှာပါ။

ဒါတွေကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ တစ်ပတ်လောက် ထိန်းချုပ်ပြီး လိုက်နာရင် ပြန်ပြီး အလေ့အကျင့် ဖြစ်သွားမှာပါ။

၁။ ခဏတိုင်း ခဏတိုင်း စားပါ

BACON-SANDWICHES

တစ်ကြိမ်တည်းနဲ့ ပြည့်အင့်သွားအောင် စားတာက် စာရင် ၂နာရီခြား ၃နာရီခြား တစ်ခါ စားပေးရင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပြီး အူအတွင်းမှာ အဆီတွေ စုမနေနိုင်တော့ပါဘူး။ အဲ့လို စားတဲ့အခါမှာ ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပရိုတင်းဓာတ်ပြည့်တဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။

၂။ မနက်စာ စားပါ

Cereal

မနက်စာဟာ တစ်နေ့တာရဲ့ အရေးအကြီးဆုံး အစာပါ။ မနက်စာကို မစားဖြစ်ရင် တစ်နေ့တာလုံး မလန်းဆန်းစေဘဲ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း နှေးကွေးစေပါတယ်။ မနက်စာကို ကျော်လိုက်ရင်တော့ ဆာလောင်ခြင်း၊ အားအင်ကုန်ခံသလို ခံစားရခြင်း၊ ဒေါသထွက်လွယ် တာတို့ကို ခံစားရစေပါတယ်။ မနက်စာ မစားတဲ့ အတွက် နေ့လည်မှာ စားတဲ့ အခါ ချင့်ပြီး မစားနိုင်တော့ဘဲ အများကြီး စားမိသွားတတ်ပါတယ်။

၃။ ရေများများသောက်ပါ

dandruff-water

ရေသောက်ခြင်းဟာ အစားအသောက် ဓလေ့ဆိုးတွေကို ရပ်တန့်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ဆာလောင်လာတဲ့ အခါ ရေသောက်ပါ။ မနက်အိပ်ယာ ထတာနဲ့ ရေသောက်ပါ။ အစာမစားခင် ရေသောက်ပါ။ ရေဘူးကို သွားတဲ့နေရာ သယ်သွားပြီး သောက်ပါ။ အထိုင်များသူတွေ အတွက် ရေပိုသောက်သင့်ပါတယ်။

၄။ ညနေ သရေစာတွေကို မစားပါနဲ့

popcorn

ညနေပိုင်းတွေမှာ သူငယ်ချင်းတွေ စုံပြီးမှ စားတတ်တဲ့ သရေစာတွေဟာ ကျန်းမာရေး အလေ့အကျင့်ကောင်းတွေကို ဖျက်ဆီးပစ်ပါတယ်။ တစ်ခါတရံ ပြဿနာ မရှိပေမယ့် နေ့စဉ်ရက်ဆက် စားလာတဲ့ အခါ ထိန်းချု့်ရ ခက်ပြီး အစာ စားခြင်းစိတ်ကို အတိုင်းမသိ ဖြစ်စေတတ်ပါတယ်။ ရုပ်ရှင်ကြည့်ရင်း TV ကြည့်ရင်း စားတဲ့ အစားအစာတွေကို ဖြတ်တောက်လိုက်ပါ။ စားမယ်ဆိုရင်တောင် အသီးအနှံတွေပဲ စားပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် ၇နာရီနောက်ပိုင်းမှာ ဘာမှ မစားတာ အကောင်းဆုံးပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့မှာ မနက်စာနဲ့ နေ့လည်စာ စားရင်ကို လုံလောက်နေပါပြီ။

၅။ စားမယ့် အတွေးတွေကို ထိန်းချုပ်ပါ

thinking-1024x768

လူတွေရဲ့ ဘဝမှာ မတွေးဖူးသူရယ်လို့ မရှိကြပါဘူး။ လူတွေဟာ အချိန်နဲ့ အမျှ တစ်ခုမဟုတ် တစ်ခုကို စဉ်းစားနေကြပါတယ်။ စဉ်းစားတဲ့ အခါ စိတ်ရဲ့ ခံစားချက်ပေါ် မူတည်ပြီး လုပ်ဆောင်ချက်တွေ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် စားဖို့ကို အများကြီး မတွေးမိပါစေနဲ့။

Credit: lifehack