အင်ဥချက်

Share this on:

မိုးရာသီမှ အင်ဥ ပေါ်ပါတယ်။ ရေဆေး သန့်စင်ရတာ အလုပ်ရှူပ်ပေမယ့်  အင်ဥစားဖူးသူတိုင်း ထပ်ချက်စားဖို့ပဲ စိတ်ကူးရှိကြပါတယ်။

ပါဝင်ပစ္စည်း

  • အင်ဥ (သေချာစွာသန့်စင်ထားပြီးပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ဖြူ (ထောင်းထားပါ)
  • ပုဇွန်ခြောက် (ထောင်းထားပါ)
  • ခရမ်းချဉ်သီး (အတုံးသေးတုံးထားပါ)
  • ဆား
  • Dashi
  • ဆနွင်းမှုန့်
  • ငံပြာရည်
  • ဆီ
  • ငရုတ်ပုနှစ်

ပြုလုပ်နည်း - အင်ဥသန့်စင်နည်း (၁ မှ ၄အထိ)

  1. ဝယ်လာတဲ့အင်ဥကို သုံးကြိမ်လောက် ပွတ်ဆေးပြီး ရေနွေးနဲ့ရေအေးရော စိမ်ထားပါ။
  2. ၁၅မိနစ်လောက်နေမှ အင်ဥတစ်လုံးစီ ဓားပြားနဲ့ ခြစ်ပြီးသန့်စင်ပါ။
  3. ပြီးမှရေ၃ကြိမ်လောက် ထပ်ဆေးပါ။
  4. ပါးပါးလှီးပြီးချက်စားလို့ရပါပြီ။
  5. ချက်မည့် ဒယ်အိုးထဲတွင် ပါဝင်ပစ္စည်းအားလုံး (၁ မှ ၁၁ အထိ) ထည့်ပြီးလုံးပါ။
  6. ပြီးလျှင် အင်ဥနူးလာသည်ထိ ရေထည့်ချက်ပေးပါ။
  7. အင်ဥနူးပြီး ဆီပြန်ခါနီး အရသာစိတ်ကြိုက်ပြင်ဆင်ရ်ျ သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking

Review

User Rating

0 (0 Votes)