အင်ဥ – မှိုကြော်

Share this on:

IMG_3909

IMG_4349

 

ပါဝင်ပစ္စည်း

  • အင်ဥ
  • မှို
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း အနီရောင်
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. ပထမဦးစွာ အင်ဥ နှင့် မှိုများကို မကြော်မီ အထပ်ထပ် သန့်ရှင်းရေး လုပ်ရန် လိုအပ်ပါသည် ။  သေသေချာချာ သန့်ရှင်းရေး မလုပ်ပါက သဲများပါပြီး ပါးစပ်ထဲတွင် သဲများတရှပ်ရှပ်နှင့် ဖြစ်ပါလိမ့်မည် ။  အထူးသဖြင့် အင်ဥသည် သဲအလွန်များပါသည် ။  ရေကို ၄ ၊ ၅ ခါလောက် ဇကာနှင့် တိုက်ရ်ျ ဆေးရပါသည် ။ သွားပွတ်တံလေးနှင့် အင်ဥတလုံးခြင်းစီကို တိုက်ရ်ျ ဆေးမှလည်း သဲစင်ပါသည် ။  အခြားမှိုများမှာ ရေဆေးလျင် ကြော်သည့် အခါ ရေများထွက်လာပြီး ရိသွားသောကြောင့် ချက်ရ်ျ မကောင်းသည့်အတွက် သွားပွတ်တံလေးနှင့်  ညင်သာစွာ သဲများကို တိုက်ထုပ်ပြီး အဝတ်စတခုကို ရေအေးနှင့် ဆွတ်ပြီး မှုများကို ရေစိုအဝတ်နှင့် ပိုမို သန့်စင်သွားအောင် သုပ်ပါ ။
  2. ကြက်သွန်နီ ဥအသေးကို ၈စိတ်စိပ် ထားပါ ။  ကြက်သွန်ဖြူအသေး ၅မွှာခန့်ကို ဒါးပြနှင့် ရိုက်ထားပါ ။
  3. ဒယ်အိုးကို မီဖိုပေါ်တွင် ပူအောင် တည်ပြီး ဆီ အနည်းငယ် ထည့်ပါ ။
  4. ဆီပူလာလျင် ပြင်ဆင်ထားသော  ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ထည့်ပြီး ကြက်သွန်နံ့လေး မွှေးလာလျင် လှီးထားသော အင်ဥများကို အရင်ထည့်ရ်ျ  နှံ့စပ်အောင် နယ်ပြီး ရေနွေး အနည်းငယ် ထည့်ပြီး အဖုံးအုပ်ထားပါ ။
  5. အင်ဥ နူးလျင် အခြား မှိုများကို ထည့်ရ်ျ ကြော်ပါ ။
  6. မှိုများ ကြက်သွားပြီဆိုလျင် ဆားအနည်းငယ် ထည့်ရ်ျ ငရုတ်သီးစိမ်း အနီရောင်ကို အုပ်ပြီး ဒယ်အိုးအဖုံးကို အုပ်ပြီး မီးဖိုပေါ်မှ ချပါ ။
  7. ရာသီစာ အင်ဥ နှင့် မှိုကြော်လေးကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

0 (0 Votes)