ခေါက်ဆွဲ - Noodle Dishes | Recipes | မုန့်ဟင်းခါး - Mone Hin Gha

အင်းမုန့်ဟင်းခါး (သို့) အင်းမုန့်တီ 

April 4, 2016

အင်းမုန့်ဟင်းခါး (သို့) အင်းမုန့်တီ 

Share this on:

အင်းမုန့်ဟင်းခါး (သို့) အင်းမုန့်တီ 

2

 

ပါဝင်ပစ္စည်းများ

  • ငါးရံ (သို့) ငါးခူ – ၁ ကောင် (၃၀ သားခန့်)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခပ်ကြီးကြီးလှီးထားသော ခရမ်းချဉ်သီး – 2 Cups (500 ml) ခန့်
  • ဆီ – ထမင်းစားဇွန်း ၃ ဇွန်းခန့်
  • လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးထားသော ကြက်သွန်ပင် – 1 1/2 Cups (375 ml)ခန့်
  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရ)
  • ဆား – ချင့်ချိန်ထည့်ပါ
  • Chicken Powder – ချင့်ချိန်ထည့်ပါ
  • ထောင်း (သို့) ကြိတ်ထားသော ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း (Ready Made ဆန်မှုန့်မှာ အရမ်းနူးညံ့လွန်း၍ ပျစ်ချွဲသွားတတ်သောကြောင့် မသုံးပါဘူး)

ပြုလုပ်နည်း

  1. ဆန်မှုန့်ကို ရေအေး (ထမင်းစားဇွန်း ၆ ဇွန်း) ဖြင့် ဖျော်ထားပါ ။
  2. ငါးခူကို ဆားဖြင့် ပွတ်ဆေးကာ ပွက်ပွက်ဆူနေသည့်ရေနွေး (1500 ml)ထဲ နနွင်းမှုန့် နှင့် အတူ ထည့်၍ အဖုံး တစ်ဝက်ဖုံးပြီး ၁၅ မိနစ်ခန့်ပြုတ်ပါ ။   ပြီးနောက် ဆယ်ထုတ် အအေးခံကာ အရိုးနွှင်ထားပါ ။
  3. ခရမ်းချဉ်သီးကို ပျော့သွားအောင် ခွက်တစ်လုံးထဲထည့်ကာ အဖုံး ဖုံးပြီး Microwave နှင့် ၃ မိနစ်ခန့် အပူပေးပါ ။ (သို့) အလုံးလိုက်ကို ငါးပြုတ်ရည်ထဲ ထည့်ကာ ပြုတ်ပေးပါ ။  ပြီးလျှင် ဇကာနှင့် တိုက်၍ အခွံ နှင့် အစေ့များကို ဖယ်ထုတ်ပါ ။
  4. ဒယ်အိုးထဲ ဆီ ၊ အရောင်တင်မှုန့် ၊ ကြက်သွန်ပင် ၊ ငါး နှင့် ခရမ်းချဉ်သီး အရည်ကို ထည့်ကာ High Heatဖြင့်၁၀ မိနစ်ခန့် မွှေကြော် ပေးပါ ။
  5. အရည်အတော်လေးခြောက်သွားလျှင် ဆူပွက်နေသည့် ငါးပြုတ်ရည်အိုး ထဲ လောင်းထည့်ပေးပါ ။ ဆား နှင့် Chicken Powder ထည့်ပါ ။
  6. ဟင်းရည်အိုး ပြန်ဆူလာလျှင် ဆန်မှုန့်ဖျော်ရည် လောင်းထည့်ကာ ဆန်မှုန့်များ ခဲ မသွားအောင် မွှေပေးပါ။
  7. ထို့နောက် အိုးအဖုံး အနည်းငယ်ဟပြီး ဖုံးကာ Medium Heat သို့ လျှော့၍ ၁၅ မိနစ်ခန့်တည်ပြီးလျှင် မီးဖိုမီးကို ပိတ်ပါ ။
  8. ပန်းကန်လုံးထဲမှ မုန့်ဖတ်ထဲ ဟင်းရည် ထည့်၍ ကြက်သွန်ဖြူ ဆီကျက် နှင့် ငရုတ်သီး ဆီချက်လေး ဆမ်းကာ အင်းမုန့်တီကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit: Chaw Su' Food Friends

Review

User Rating

4.7 (3 Votes)